2011년 5월 14일 토요일

ပဒေသာယဉ်ကျေးမှု အသိစိတ်ဓာတ် ဘယ်အထိရောက်နေပြီလဲ



◀ ANC ▶
ကိုရီးယားနိုင်ငံမှာ နိုင်ငံခြားသား ဦးရေ စုစုပေါင်း ၁သန်း၁သိန်း၃သောင်းနေထိုင်နေကြပါတယ်။
ပဒေသာယဉ်ကျေးမှုလူမှုအဖွဲ့အစည်းအတွင်း ၀င်ရောက်လာပြီဆိုတဲ့ ကိုရီးယားနိုင်ငံဟာ အဲဒီ ယဉ်ကျေးမှု စနစ်ဆိုင်ရာ အသိအမြင်အဆင့်အတန်းက ဘယ်အထိရောက်ပြီထင်ပါသလဲ။

◀ VCR ▶
လွန်ခဲ့တဲ့ ၂လ ၂၃ရက်နေ့ ဆိုလ်း ၀ိုင်အမ်စီအေမှာ ပဒေသာယဉ်ကျေးမှု အသိအမြင်ဆိုင်ရာဖိုရမ်ကို ကျင်းပခဲ့ပါတယ်။
လက်ရှိ ပြည်သူ့သဘောထားစစ်တမ်းကောက်ယူချက်အရ ကိုရီးယားရဲ့ ပဒေသာယဉ်ကျေးမှုဆိုင်ရာ အသိအမြင်ဟာ မြင့်မားလာကြောင်း တွေ့မြင်ရပါတယ်။ ဒါပေမယ့် ရွှေ့ပြောင်းသူတို့အပေါ် တဘက်လွန် ထင်မြင်ယူဆချက်တွေက တော့ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။

◀ SYN ▶ အီရာ ရွှေ့ပြောင်းအမျိုးသမီး ဂယောင်ဂီ လွှတ်တော်အမတ်
ပဒေသာယဉ်ကျေးမှုဆိုပေမယ့် အားလုံးဟာ ခက်ခဲဆင်းရဲနေကြတာတော့ မဟုတ် ပါဘူး။ အခက်အ ခဲကြုံတွေ့နေသူ တွေလည်းရှိကြပေမယ့် တခုလုံးအနေနဲ့ ပဒေသာ ယဉ်ကျေးမှု အိမ်ထောင် သည်တွေ အားလုံး အရမ်း ခက်ခဲနေကြတာ တော့ မဟုတ်ပါဘူး။ လူမှုအဖွဲ့အစည်းဝင်တွေ ဖြစ်ကြောင်း ပြသဖို့ လူမှုလုပ်ငန်းတွေကို လုပ်ရမယ်ဆိုတဲ့ အတွေးတွေနဲ့ ရွှေ့ပြောင်းအမျိုးသမီးတွေလည်း ရှေ့ကိုထွက်လာကြပါတယ်။

◀ VCR ▶
ကိုရီးယားရဲ့ ပဒေသာယဉ်ကျေးမှုစနစ်အပေါ်သုံးသပ်မှုများလည်းရှိခဲ့ပါတယ်။ အစိုးရက တဘက်စောင်းနင်း ကျင့်သုံးနေတဲ့ ပဒေသာယဉ်ကျေးမှုစနစ်ဟာ ကာယကံရှင် ရွှေ့ပြောင်းသူတို့ရဲ့ အသံကို နားထောင်နိုင်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။ ပညာရှင်များက ရွှေ့ပြောင်းသူတို့ နေထိုင်စားသောက်ရေးအတွက် လိုအပ်တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး စတဲ့ အရေးပါတဲ့ ဖြေရှင်းရန်ပြသနာများကို ဘေးဖယ်ပြီး ယဉ်ကျေးမှုတခုတည်းအပေါ် မှာပဲ ထောက်ပံ့နေတဲ့စနစ်ကို ပြသနာအဖြစ် သတ်မှတ်ကြပါတယ်။



◀ SYN ▶
ဘာ့ဂ်ငယောင်ထဲ ပါမောက္ခ ဆောင်ဂုံဟွဲတက္ကသိုလ် လူမှုရေးသိပ္ပံဌာန
ပွဲတော်တွေကို အဓိကထားတဲ့ ပဒေသာယဉ်ကျေးမှုဆိုင်ရာ ပရော့ဂျက်တွေကို အများကြီး မြင်နေရပါတယ်။ အဲဒါတွေလည်း လုပ်ရမှာဖြစ်တယ်ဆိုပေမယ့် အဲဒါတွေပဲလုပ်နေရင် ကာယကံရှင်ရွှေ့ပြောင်းသူတွေက လိုလားတဲ့ ဟာထက် ရုပ်ပြလို့ကောင်းတဲ့၊ အလှဓာတ်ပုံရိုက်လို့ကောင်းတဲ့ လုပ်ငန်းတွေအဖြစ်ကို ရောက်ရှိသွားနိုင်ချေပဲ ရှိပါတယ်။

◀ VCR ▶
ပဒေသာယဉ်ကျေးမှုရဲ့ အဓိက လူ့အသိုင်းအ၀န်းတခုအတွင်း အမျိုးစုံသော ယဉ်ကျေးမှုတွေ တည်ရှိနေတဲ့ အမှန်တရားကို လက်ခံပြီး ယဉ်ကျေးမှုအမွေဆက်ခံခြင်းရဲ့ တန်ဖိုးကို လေးစားတာပဲဖြစ်ပါတယ်။ ပဒေသာယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ အခု ဆွေးနွေးဖလှယ်ပွဲဟာ ပြည့်ဝတဲ့ ပဒေသာ ယဉ်ကျေးမှု လူ့အသိုင်းအ၀န်းဖြစ် ဖို့အတွက် ခြေလှမ်းအစပင်ဖြစ်ပါတယ်။

ကင်မရာ     ကင်မ်မီဟွီး
တည်းဖြတ်  ယန်ဂျဲဟွာ

댓글 없음:

댓글 쓰기