ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာဆိုဒ်
2011년 5월 18일 수요일
ဒုတိယအကြိမ်မြောက် တိဘက်ရုပ်ရှင်ပြပွဲ
◀ ANC ▶
တိဘက်ရဲ့ လွတ်မြောက်ရေးကို ဆုတောင်းတဲ့ ဖရီးတိဘက်ရုပ်ရှင်ပြပွဲကို ကျင်းပခဲ့ပါတယ်။ ဒုတိယအကြိမ်မြောက် ဖြစ်တဲ့ ယခုတကြိမ်ရုပ်ရှင်ပြပွဲမှာ တိဘက်လူမျိုးတို့ရဲ့ လက်ရှိပြသနာတွေကို လေးနက်စွာ တင်ပြထားပါတယ်။
◀ VCR ▶ မတ်လ၂၀ရက် ဆောဒဲမွန် ဖလင်ဖိုရမ်
လွန်ခဲ့တဲ့ မတ်လ ၁၉နဲ့ ၂၀ရက်နေ့က ဆောဒဲမွန်း ဒဲရှင်းဒုန်မှာ တည်ရှိတဲ့ ဖလင်ဖိုရမ်းမှာ ဒုတိယအကြိမ် မြောက် ဖရီး တိဘက်ရုပ်ရှင်ပြပွဲကို ပြသခဲ့ပါတယ်။
တရုတ်ရဲ့ လက်နက်ကိုင်ဗိုလ်ကျမှုကြောင့် အချုပ်အချာအာဏာကိုလက်လွှတ်ခဲ့ရတဲ့ တိဘက်ရဲ့ လွတ်လပ် ရေးကို တောင်းဆိုရန်အတွက် ဖွင့်လှစ်ကျင်းပဖြစ်ခဲ့တဲ့ ရုပ်ရှင်ပြပွဲဟာ လွန်ခဲ့တဲ့နှစ်မှာလည်း ရုံပြည့်လျှံ အားပေးခြင်းခံခဲ့ရသလို ယခုအကြိမ်မှာလည်းပဲ တက်ရောက်သူများ များပြားခဲ့ပါတယ်။
◀ INT ▶
ဂွန်ဂီဂျွန်း တက်ရောက်သူ
တိဘက် တိဘက်ဆိုတဲ့အသံက နားထဲစွဲသွားပါပြီ။ငယ်ငယ်တုန်းက တိဘက်ကို သွားဖူးပါတယ်။ အဲဒီတုန်းကလည်း တွေ့ခဲ့ရတဲ့ တိဘက်ယဉ်ကျေးမှုဟာ အရမ်းစိတ်ဝင်စားစရာကောင်းသလို အခုရုပ်ရှင်မှ တဆင့် ဒါရိုက်တာက ခံစားနေတဲ့ လူမျိုးနဲ့ တိုင်းပြည်အတွက်ခံယူချက်နဲ့ ပတ်သက်ပြီး ပြန်လည်စဉ်းစား နိုင်တဲ့ အခွင့်ကောင်းတခုရယ်လို့ မြင်ပါတယ်။
◀ VCR ▶
ရုပ်ရှင်ပြပွဲဟာ ကိုရီးယားလူမျိုးတွေသာမက ရွှေ့ပြောင်းသူတွေလည်း အများအပြား တက်ရောက်ကာ တိဘက်ရဲ့ လွတ် မြောက်ရေးအတွက် အတူတောင်းဆိုကြတဲ့ အနေအထားအောက်မှာ ကျင်းပခဲ့ပါတယ်။
ဒီနှစ်မှာတော့ 'I, TIBETAN' ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တိဘက်လူမျိုးနဲ့ တိဘက်လူမျိုးတို့ရဲ့ ဘ၀အကြောင်းကို ရည်ရွယ် ဖော်ပြဖန်တီးထားတဲ့ ရုပ်ရှင် အတို၊ အရှည် စုစုပေါင်း ၃၆ကားကို ပြသခဲ့ပါတယ်။
ပွဲတော်ကျင်းပသူများက ရုပ်ရှင်ပြပွဲတွင်း ပြသတဲ့ ရုပ်ရှင်ကားအားလုံးဟာ တန်းတူညီတယ်ဆိုတဲ့ အဓိပ္ပါယ် ကို ဖော်ပြဖို့ အတွက် ဖွင့်ပွဲနဲ့ ပိတ်ပွဲအတွက်ဆိုပြီး သီးသန့်ရုပ်ရှင်ကားများ ရွေးခြယ်ပြသခြင်း မရှိကြောင်း ရှင်းပြပါတယ်။
◀ INT ▶ ကင်မ်ဟယဲ့ဂျီ လန်ကျင်းအဖွဲ့ဝင်
ရုပ်ရှင်ကြည့်တဲ့သူတွေက တိဘက်နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားမှုနဲ့တင် ရပ်တန့်မသွားပဲ အတူတကွ ပူးပေါင်းဆောင်ရွက်လာတဲ့အထိ ပါဝင်လာစေဖို့ ဖန်တီးလိုတဲ့ စိတ်နဲ့ စီစဉ်ပြင်ဆင်ထားပါတယ်။
◀ VCR ▶
ရုပ်ရှင်ပြပွဲကို စီစဉ်တဲ့ တိဘက်လွတ်မြောက်ရေးထောက်ပံ့သည့် အဖွဲ့ လန်ဂျင်းက တိဘက်ရဲ့ လွတ်လပ် ရေး အတွက် နိုင်ငံတကာ ပူးပေါင်းလှုပ်ရှားမှု အစီအစဉ်များ ဆက်လက် စီစဉ်ထားကြောင်း ပြောဆို လိုက်ပါတယ်။
သတင်း နမ်ဂျီလန်း
တည်းဖြတ် ယန်းဂျဲဟွာ
라벨:
ကိုရီးယားသတင်း
피드 구독하기:
댓글 (Atom)
댓글 없음:
댓글 쓰기