2011년 5월 13일 금요일

ပွဲလည်းကြည့်မယ် သူငယ်ချင်းကိုလည်းကူညီမယ်-နီပေါရံပုံငွေဂီတပွဲ



◀ ANC ▶
နီပေါနှင့် ကိုရီးယားမှာ နေထိုင်ပြီး အခက်အခဲရှိနေကြတဲ့ နီပေါများကို အကူအညီပေးဖို့ ရန်ပုံငွေဂီတပွဲတော်ကို ကျင်းပခဲ့ကြပါတယ် ။ ပွဲတော်လာ အလုပ်သမားများဟာ ခဏတာ အလွမ်းပြေခဲ့ကြတယ်လို့ ဆိုပါတယ် ။

◀ VCR ▶
(ဖေဖေါ်ဝါရီလ ၄ ရက်နေ့ ၊ ကေဘီအက်စ် ၈၈ အားကစားကွင်း ။ နီပေါအသင်း မှ ကြီးမှူးကျင်းပသည့် ဆာဂျုံဂါ ယဉ်ကျေးမှုအစီအစဉ် ၂၀၁၁)

ဇာတ်ရုံအပြည့် ပရိသတ် ၁၅၀၀ကျော်တို့ဟာ အဆိုတော်ရဲ့ လှုပ်ရှားမှုနှင့်အတူ ပါဝင်လှုပ်ရှားခဲ့ကြပါတယ် ။ နီပေါ ရိုးရာတေးသီချင်းကို နားဆင်ပြီး ၊ ပခုံးလေးများတောင် လှုပ်ယမ်းနေကြပါတယ် ။ ဆက်လက်ပြီး ပရိသတ်များကို ညှို့ယူဖမ်းစားထားတဲ့ အကဖြင့်လည်း ဖျော်ဖြေခဲ့ကြပါတယ် ။

ဖေဖော်ဝါရီလ၂ရက်နေ့မှ စ၍ ၄ ရက်နေ့ထိ ကေဘီအက်စ် ၈၈ အားကစားကွင်းမှာ ဆာဂျုံဂါ ယဉ်ကျေးမှုအစီအစဉ် ၂၀၁၁ ကိုဖွင့်လှစ်ခဲ့ပါတယ် ။ အဲသည် အစီအစဉ်ဟာ မက်ဒီ ၊ နောဂျုံ ၊ ခီရတ်စတဲ့ နီပေါအသင်းများက ပူးတွဲကျင်းပခဲ့တာ ဖြစ်ပါတယ် ။

◀ INT ▶
(ယမ်ဗဟာ ဒူးရ် ဆဲလ်မာ ၊ ခီရတ် နီပေါအသင်း ဥက္ကဌ)
အသင်းတွေအားလုံး နှင့် လူတွေအကုန်လုံး တစ်စုတစ်စည်းတည်းဖြစ်သွားရင် အခက်အခဲတွေအားလုံးကို ကျော်လွားနိုင်ပါလိမ့်မယ် ။

◀ VCR ▶
ပရိတ်သတ်များဟာ နီပေါအဆိုကျော်များ ရဲ့ စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေမှုကို တခဲနက်အားပေးကြကာ မြူးကြွတဲ့ ဂီတသံနှင့်အတူ ဝိုင်းဖွဲ့ပြီး ကခုန်ခဲ့ကြပါတယ် ။

◀ INT ▶
(ရှိမာဆယ်ရှိ ၊ နီပေါလ် )
မိသားစုကို လွမ်းပေမယ့် သူငယ်ချင်းတွေနဲ့ အစားထိုးပြီး အလွမ်းဖြေခွင့်ရတာကောင်းပါတယ်။

◀ VCR ▶
အဆိုတော် ဘီမာကုမာရီ ဟာ လူငယ်များကို အမှတ်ရစေမယ့် စကားကိုဆိုပါတယ် ။
အန်ဂျူးဖတ်ထာ ကတော့ ဖျော်ဖြေပွဲသို့ မတက်ရောက်နိုင်သူတွေအတွက် နီပေါလ် ရိုးရာသီချင်းကို ဆိုခဲ့ပါတယ် ။

◀ INT ▶
(ဘိမာကုမာရီနုရာ ၊ နီပေါ ရိုးရာသီချင်းအဆိုတော်)
ငွေရှာတဲ့အလုပ်ဟာကောင်းပေမယ့် ၊ မိသားစုနှင့် အနာဂါတ်အတွက် အမြဲစဉ်းစားပြီး နေထိုင်ကြစေချင်ပါတယ် ။


(အန်ဂျူး ဖန်ထာ ၊ နီပေါအဆိုတော်)
ဟိမဝန္တာတောင်တန်းနှင့် ဗုဒ္ဓဖွားတော်မူရာ နေရာ ၊ ယဉ်ကျေးမှုနှင့် သဘာဝတို့ ကြွယ်ဝတဲ့နီပေါလိုနိုင်ငံမျိုး ဘယ်နေရာမှာများ ရှိနိုင်ပါ့မလဲ။

◀ VCR ▶

ပွဲတော်မှ တစ်ဆင့် ရရှိတဲ့ အလှူငွေများကို နီပေါလ်နိုင်ငံတွင်း အခက်အခဲရှိနေကြတဲ့ သူများနှင့် ကိုရီးယားမျာရှိတဲ့ နီပေါအသင်းကို လှူဒါန်းသွားမှာဖြစ်ပါတယ်။

ရိုက္ကူး ဒမ္ဘားစူးပါး။ ဂွါ့ ဆွန်းဟွီး
တည်းဖြတ် ယန်းဂျဲဟွာ

댓글 없음:

댓글 쓰기