2011년 5월 9일 월요일

မိဘများနေ့မှာ လက်ဆောင်မရလို့ အဆိပ်သောက်သေဆုံး

မေလ ၁၀ရက် နံနက်၁နာရီ မိနစ်၃၀အချိန်၊ အသက်၅၆နှစ်ရှိ အမျိုးသမီး ကင်မ်ဆိုသူဟာ ဘူဆန်း ဒဲယွန်ဒုန်ရှိ နေအိမ် ၀ရန်တာမှာ ပိုးသတ်ဆေးကို သောက်ပြီး လဲနေတာကို တွေ့ရသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အသက်ဆုံးရှုံးသွားခဲ့ပါတယ်။

စစ်ဆေးချက်အရ သူဟာ မနေ့က သူငယ်ချင်း တွေနဲ့ တွေ့ဆုံပွဲအပြီး အိမ်ပြန်ရောက်သော် တခြားသူတွေကတော့ မိဘများနေ့မှာ သားသမီးတွေဆီက လက်ဆောင်တွေ၊ အလှူငွေတွေရကြတယ်၊ ငါကတော့ ဘာမှ မရှိဘူးဟု ဆိုကာ မိသားစုဝင်များနဲ့ စကား အချေအတင်ဖြစ်ပြီး ၀ရန်တာရှိ ပိုးသတ်ဆေးကို သောက်ခဲ့ခြင်းဖြစ်ကြောင်းတွေ့ရှိရပါတယ်။

ရဲဌာနက ကင်မ်ဟာ သွေးတိုးရောဂါ အစရှိတဲ့ ရောဂါမျိုးကို ခံစားနေသူဖြစ်ပြီး သာမန်အချိန်တွေမှာလည်း ခင်ပွန်းနဲ့ သားသမီးများက မိမိကို စိတ်ဆင်းရဲအောင် ဆက်ဆံတယ်ဆိုပြီး မကျေနပ်ချက်တွေများကာ မကြာခဏ စကားအချေအတင်ဖြစ်လေ့ရှိသည်ကို စစ်ဆေးတွေ့ရှိကြောင်း ပြောကြားလိုက်ပါတယ်။

댓글 없음:

댓글 쓰기