2011년 5월 9일 월요일

ရထားပေါ်က ကိုကြီးကျော်များ

မေလ ၇ရက်၊ ညနေ၆နာရီမိနစ်၃၀အချိန်၊ မြေအောက်ရထားပေါ်မှာ နိုင်ငံခြားသား ၈ဦးရဲ့ အပြုအမူကြောင့် ရထားစီး ခရီးသွားများ အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ်။ သူတို့ဟာ သီချင်းများဖွင့်ကာ ဆူညံစွာ စကားပြော ဆိုခြင်း၊ ရထားကြမ်းပြင်ပေါ်တွင် ထိုင်ကာ အရက်သောက်ခြင်း၊ ဖဲကစားခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။

သူတို့ရဲ့ ပစ္စည်းတွေကလည်း ထိုင်ခုံပေါ်မှာ အပြည့်နေရာယူထားပါတယ်။ ညနေအချိန် ဖြစ်တဲ့ အတွက်ကြောင့် ရထားစီးသူ ခရီးသွားတွေကလည်း များပြားလှပါတယ်။ ဒါပေမယ့် ခရီး သွားများအနက် မည်သူမှ ဒီအပြုအမူကို ဟန့်တားသူ မရှိခဲ့ကြပါဘူး။ အဲဒီအနက် ခရီးသွားတဦးက ရထားတွင်း အရေးပေါ်ဖုန်းမှတဆင့် ဆက်သွယ်တိုင်ကြားခဲ့သော်လည်း နိုင်ငံခြားသားတွေဟုတ်လား၊ ဟုတ်ကဲ့ သိပါပြီ ဆိုပြီး တွဲအမှတ်စသည် အသေးစိတ်ကို မေးမြန်းခြင်းမရှိ ဖုန်းချသွားပါတယ်။ 


ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းဌာနက ရထားတွင်း တာဝန်ရှိသူထံ ပြသနာဖြေရှင်းခဲ့ပုံနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းတဲ့အခါ မှတ်တမ်းတင်ထားခြင်းမရှိတာကြောင့် အချက်အလက်ရှာဖွေဖို့ခက်ခဲကြောင်း၊ တိုင်ကြားတဲ့ဖုန်းတွေက များလို့ အကုန်လုံးကို မှတ်တမ်းတင်ထားခြင်းမရှိကြောင်း ဖြေဆိုခဲ့ပါတယ်။ 

ခရီးသွားများအနက် တဦးက ရထားပေါ်မှာ အခုလို အရက်သောက် ဆူညံဖို့ မလုပ်သင့်ကြောင်း တားမြစ်တဲ့ အခါ အားလုံးဟာ ကိုယ့်နေရာကို ပြန်သွားကြပေမယ့် တဦးကတော့ တားမြစ်သူ ရထားပေါ်မှ ဆင်းသွားတဲ့ အထိ ပြန်လည် ရန်တွေ့တာကို ပြုလုပ်ခဲ့ပါတယ်။ 

ယန်းဖြောင်းမှာ ရှိတဲ့ ဂီတပွဲကို သွားကြသူတွေလို့ ထင်ရတဲ့ ဒီ နိုင်ငံခြားသားတွေရဲ့ အပြုအမူကြောင့် နိုင်ငံခြားသားတွေအပေါ်မှာ အဆိုးမြင်သူ ကိုရီးယားများ၊ နိုင်ငံခြားသားတွေကို ကြောက်ရွံ့လေ့ရှိတဲ့ ကလေး သူငယ်များအနေနဲ့ အဆိုးမြင်တာဟာ အမှန်လို့ ပိုမို သေချာစွာ လက်ခံသွားနိုင်ကြောင်း တင်ပြ လိုက်ရပါတယ်။


댓글 없음:

댓글 쓰기