2011년 3월 30일 수요일

တရုတ်အလုပ်သမားတဦး စက်ညပ်သေဆုံး

မတ်လ ၃၀ရက် နံနက် ၈နာရီ ၁၀မိနစ် ဂယောင်နမ်းမြို့ ဟန်လင်းမြို့ငယ်ရဲ့ ပလတ်စတစ်စက်ရုံတခုတွင် ကိုရီးယားနွယ်ဖွား တရုတ်လူမျိုးအလုပ်သမားA(၄၆နှစ်)သည် စက်ညပ်သေဆုံးသွားခဲ့သည်။


ကင်မ်ဟဲရဲဌာနရဲ့ ပြောဆိုချက်အရ ယင်းနေ့တွင် အလုပ်သမားAသည် စက်ရုံတွင်းရှိ ပလတ်စတစ်စများ ကြိတ်ခွဲသည့် အလုပ်ကို လုပ်နေစဉ် ရုတ်တရက် ကြိတ်ခွဲစက်သည် လည်ပတ်ယင်း ခန္ဓာကိုယ် အစိတ်အပိုင်း အချို့ စက်တွင်း ညပ်ပါသွားပြီး သေဆုံးသွားရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။

စက်ရုံတာဝန်ရှိသူမှ ရဲဌာနတွင်း ထွက်ဆိုချက်အရ အလုပ်သမားAဟာ ယင်းနေ့တွင် ပလတ်စတစ်ခွဲကြိတ် စက်ကို မောင်းနှင်ထားရင်း စက်ဖုံးဖွင့်ပြီး ခွဲကြိတ်စက်အတွင်း ညပ်နေသည့် ပလတ်စတစ်စကို အတင်း ဆွဲ ထုတ်ရန်ကြိုးစားရာမှ စက်တွင်းညပ်ပါသေဆုံးရခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။

တာဝန်ခံရဲအရာရှိများမှ စက်ရုံတွင်း တာဝန်ရှိသူများမှ တဆင့် လုပ်ငန်းခွင်လုံခြုံမှု စနစ်ပိုင်းနှင့် သေဆုံးရခြင်း အကြောင်းရင်းအား စစ်ဆေးလျှက်ရှိနေကြောင်း သိရှိရပါတယ်။

댓글 없음:

댓글 쓰기