ကုလသမဂ္ဂ ဒုက္ခသည်ရုံး(UNHCR) ကိုရီးယားဌာနခွဲ ဥက္ကဌက လွန်ခဲ့တဲ့ နှစ်မှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ စုစုပေါင်း ၄၂၀ဦးရှိခဲ့ကြောင်း မတ်လ ၂၈ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
အဲဒီနေ့က UNHCR ကိုရီးယားဌာနခွဲ ဥက္ကဌက ထုတ်ပြန်ခဲ့တဲ့ ၂၀၁၀ခုနှစ် ဖွဲ့ဖြိုးပြီးနိုင်ငံများအတွင်း၌ ကာကွယ် စောင့်ရှောက်ပေးမှု အခြေအနေ အစီရင်ခံစာအရ ခိုလှုံခွင့်လျှောက်ထားသူအနက် ၄၇ဦးသာ ခိုလှုံခွင့် ရရှိခဲ့ပြီး ၄၃ဦးကိုမူ ခိုလှုံသူအဖြစ် လက်ခံရန် အချက်အလက် မညီညွတ်သော်လည်း တိုင်းပြည်တွင်း၌ ကာကွယ်ပေးရန် လိုအပ်သည့် အတွက် လူသားချင်း စာနာသည့် နေထိုင်ခွင့်အား ပေးခဲ့ပါတယ်။
ဒါပေမယ့် လျှောက်ထားသူ ၁၆၈ဦးဟာ ခိုလှုံခွင့်ငြင်းပယ်ခံခဲ့ရပြီး ၁၀၃ဦးကိုတော့ တရားရေးဌာနက စစ်ဆေး နေဆဲဖြစ်ပါတယ်။ လျှောက်ထားသူတို့ နိုင်ငံတွေထဲမှာ ပါကစ္စတန် ၁၂၉ဦးက အများဆုံးဖြစ်ပြီး အစဉ်လိုက် အားဖြင့် ကာဂျစ္စတန်၊ ဘင်္ဂလားဒေရှ့်၊ မြန်မာ၊ နိုင်ဂျီးရီးယား၊ အာဖကန်နစ္စတန်၊ ယူဂန်ဒါ၊ ကင်မရွန်၊ ကွန်ဂိုနဲ့ တရုတ်နိုင်ငံတို့ဖြစ်ကြပါတယ်။
တဖန် တရားရေးဌာနက လွန်ခဲ့တဲ့နှစ် မတ်လ ၁၉ရက်နေ့က ခိုလှုံခွင့်ရရှိသူများအနက် ၂ဦးကို ပထမဦးဆုံးအနေနဲ့ကိုရီးယားနိုင်ငံသားခံယူခွင့်ပေးခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ် ဖွဲ့ဖြိုးပြီးနိုင်ငံများအတွင်း ခိုလှုံခွင့်လျှောက်ထားသူများဟာ စုစုပေါင်း ၃သိန်း၅သောင်း၈ထောင်၈ရာဦး ရှိခဲ့ကာ ၂၀၀၉ခုနှစ်နှင့် နှိုင်းယှဉ်သော် ၅ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ခိုဆဗိုနိုင်ငံအပါအ၀င် ဆီးဗီးယား နိုင်ငံသားလျှောက်ထားသူများက ၂သောင်း၈ထောင်၉ရာဦးဖြင့် အများဆုံး လျှောက်ထားခဲ့ကြပါတယ်။

သတင်းထောက်-စိုးမိုးသူ
댓글 없음:
댓글 쓰기