2011년 12월 23일 금요일

ထိုးကြိတ်ခံရတဲ့သက်သေဓာတ်ပုံကို သရုပ်ဆောင်ထားတာမဟုတ်ဘူးလားဆိုတဲ့ အလုပ်သမားဝန်ကြီးဌာန

ဂယောင်နမ်းဒေသက ရွှေ့ပြောင်းအလုပ်သမားများဟာ အလုပ်ရှင်တွေရဲ့ ထိုးကြိတ်ခံရမှုကြောင့် ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနထံ အကြောင်းကြားတိုင်ကြားပေမယ့်လည်း ဌာန၀န်ထမ်းတွေရဲ့ ထိရောက်စွာ မဆောင်ရွက်မှုတို့ကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

လွန်ခဲ့တဲ့ လက ဘူဆန်းမြို့တွင် အလုပ်လုပ်ကိုင်နေသူ ကမ်ပူးချားနိုင်ငံသား S(အသက်၃၀)နဲ့ P(အသက်၂၃) တို့ဟာ အလုပ်ရှင်ရဲ့ ဆဲဆိုမှုနဲ့ ပြင်းထန်စွာ ထိုးကြိတ်မှုကို ခံခဲ့ရပါတယ်။ အလုပ်ရှင်ဟာ သူတို့၂ဦးရဲ့ ဂုတ်ကို ဆွဲကာ မီတာ၃၀၀အကွာအထိ တရွတ်ကြမ်းဆွဲသွားခြင်း၊ ထိုးကြိတ်ခြင်းကို ပြုလုပ်ခဲ့ပါ တယ်။ ဒါ့အပြင် ဘာအကြောင်းအရာပါမှန်း နားမလည်တဲ့ စာရွက်မှာလည်း အတင်းအကြပ် လက်မှတ် ထိုးခိုင်းခဲ့ပါ တယ်။

သူတို့၂ဦးဟာ ယန်းဆန်းနိုင်ငံခြားသားအလုပ်သမားစင်တာကို သွားရောက် အကူအညီတောင်းခံခဲ့ပါတယ်။
စင်တာအမှုထမ်းဟာ သူတို့၂ဦးနဲ့အတူ ဘူဆန်း အလုပ်သမားဝန်ကြီးဌာနကို သွားရောက်ကာ အခင်းဖြစ် ပွားစဉ်က အခြားနိုင်ငံခြားသားအလုပ်သမားတဦးက ရိုက်ယူထားတဲ့ ထိုးကြိတ်ခံရတဲ့ မြင်ကွင်းပါ ဓာတ်ပုံကို လည်း သက်သေအဖြစ် ပြသကာ အလုပ်သမားများအား အလုပ်နေရာပြောင်းပေးဖို့ တောင်းခံခဲ့ပါတယ်။
  

အီးပီအက်စ်စနစ်အရ အလုပ်သမားဟာ အလုပ်ရှင်ရဲ့ သဘောတူညီမှုမရှိပဲ အလုပ်နေရာ ပြောင်းရွှေ့ခွင့် မရှိပေမယ့်လည်း အလုပ်ရှင်ရဲ့ ထိုးကြိတ်မှု နဲ့ အချို့ အကြောင်းအရာတို့ကြောင့် အလုပ်သမား ၀န်ကြီးဌာန အလုပ်နေရာချထားရေးစင်တာရဲ့ အမိန့်နဲ့ အလုပ်နေရာပြောင်းနိုင်ခွင့်ရှိပါတယ်။
  
ဒါပေမယ့် အလုပ်နေရာချထားရေးစင်တာ အမှုထမ်းက ဂုတ်ကို ဆွဲတာနဲ့ပဲ ထိုးကြိတ်တယ်လို့ ပြောလို့ ရသလား၊ တမင် ဟန်ဆောင်ထားတာမဟုတ်လား ဆိုပြီး ပြသနာကို ထိထိရောက်ရောက် မဖြေရှင်းပဲ

နေခဲ့ပါတယ်။

ဒါပေမယ့် ဒီအကြောင်းအရာဟာ သတင်းမီဒီယာတွေမှာ ပါလာတော့မှ ဘူဆန်းအလုပ်သမားဝန်ကြီးဌာန က ပြသနာကို ပြန်လည်စစ်ဆေးပါ့မယ့်လို့ စင်တာထံ အကြောင်းကြားလာပါတယ်။

အလုပ်နေရာချထားရေးစင်တာ အမှုထမ်းက တိုင်ကြားစာတင်ပြီးနောက် အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခြင်း စတဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ကိုင်စရာတွေကို လုပ်ကိုင်တာဟာ ၁လခန့် ကြာမြင့်လေ့ရှိကြောင်း၊ ထိုးကြိတ်ခံရတာမှန်ကန်ကြောင်း စစ်ဆေးရရှိပြီးပြီဖြစ်တာကြောင့် သူတို့၂ဦးဟာ အလုပ်နေရာပြောင်းရွှေ့နိုင်ပြီလို့ ဆုံးဖြတ်ကြောင်း ပြန်ကြားပါတယ်။

ဒါပေမယ့် ဘူဆန်းအလုပ်သမားဝန်ကြီးဌာနမှူးကတော့ အခုအထိ အမှုဖြစ်ပွားတဲ့ အကြောင်းအရာဆိုင်ရာ တင်ပြလွှာကို လက်ခံရယူခဲ့ခြင်း မရှိသေးကြောင်း၊ ဒေသတွင်း နိုင်ငံခြားသားအလုပ်သမားဦးရေက ၅ထောင်ကျော်ဖြစ်ပြီး တာဝန်ခံက ၁ဦးတည်းဖြစ်တာကြောင့် အားနည်းမှုများ ရှိတာမှန်ကြောင်း၊ အခုကိစ္စကို ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပါတယ်။

သတင်း    စိုးမိုးသူ

댓글 없음:

댓글 쓰기