2011년 12월 23일 금요일

ရွှေ့ပြောင်းအမျိုးသမီးလစာဆိုပြီး ငွေလိမ်ထုတ်သူများ အဖမ်းခံရ

လွန်ခဲ့တဲ့ ၂၃ရက်နေ့၊ ချွန်းဘို့ ချွန်းဂျူးမြို့တွင် ရွှေ့ပြောင်းအမျိုးသမီးများ အလုပ်နေရာ ဖန်တီးရေး ပရော့ဂျက်ကို တင်ပြပြီး ထောက်ပံ့ငွေ လိမ်လည်ထုတ်ယူသူ ပဒေသာယဉ်ကျေးမှုစင်တာ ခေါင်းဆောင်နဲ့ ရုံးအမှုထမ်း၂ဦးတို့ကို နိုင်ငံတော်ထောက်ပံ့ငွေ အလွဲသုံးစားမှုနဲ့ အရေးယူလိုက်ပါတယ်။

သူတို့၃ဦးဟာ ယခုနှစ် ၂လပိုင်းမှ ၆လပိုင်းအထိ စင်တာတွင်း အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းသူများ အတွက် လစာဆိုပြီး ၀မ် ၆၅သိန်းကျော်ကို လိမ်လည်ထုတ်ယူခဲ့ကြပါတယ်။

လွန်ခဲ့တဲ့နှစ် ဧပြီနဲ့မေလတုန်းကလည်း စင်တာတွင်း အလုပ်လုပ်သူ ရွှေ့ပြောင်းအမျိုးသမီး လစာအတွက် ဆိုပြီး ငွေ ၀မ်၁၆သိန်း၇သောင်းကို ထုတ်ယူခဲ့ဖူးကြောင်း စစ်ဆေးသိရှိခဲ့ပါတယ်။

댓글 없음:

댓글 쓰기