2011년 12월 29일 목요일

ရန်ကုန် စက်ဆန်းမီးကြောင့် အိမ်ထောင်စု ၁၀၈၀ စု၊ ဆုံးရှုံးမှု တန်ဖိုး သိန်း ၁၁၃၆၊ ပျက်စီးအိမ် ၁၂၄ လုံးရှိကြောင်းသိရ

စက်ဆန်းမီးကြောင့် အိမ်ထောင်စု ၁၀၈၀ စု၊ ဆုံးရှုံးမှု တန်ဖိုး သိန်း ၁၁၃၆၊ ပျက်စီးအိမ် ၁၂၄ လုံးရှိကြောင်းသိရ အက်ဆစ်ကန် အနီး မီးငြှိမ်းသတ်နေသည့် မီးသတ်ဝန်ထမ်းများ မီးလောင်မှုအပြီး စုံစမ်းစစ်ဆေးမှုများအရ မီးလောင်မှုဖြစ်ပွားရခြင်းမှာ သိုလှောင်ပစ္စည်းများ အပူ လွန်ကဲခြင်းကြောင့် 
ဖြစ်ကြောင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

လုံခြုံရေး မီးတစ်လုံးပဲရှိတဲ့နေရာက ၀ါယာရှောခ်မဖြစ်နိုင်ပါဘူး။ ၀ါယာရှော့ခ်ဆိုရင် ဖြူးပြတ်ရမယ်။ ကျွန်တော်တို့စစ်ဆေးတွေ့ရှိမှုအရ ၀ါယာရှော့ခ်လုံးဝ မဟုတ်ပါဘူးဟုမင်္ဂလာတောင်ညွန့် လျှပ်စစ် ()မှ လက်ထောက်အင်ဂျင်နီယာ ဦးတင်ထွန်းက သုံးသပ်သည်။ နောက်ဆုံးရရှိသော သတင်းအရ အိမ်ထောင်စု ၁၀၈၀ စု၊ ဆုံးရှုံးမှု တန်ဖိုး သိန်း ၁၁၃၆၊ ပျက်စီးအိမ် ၁၂၄ လုံးရှိကြောင်းသိရသည်။ နေအိမ်များ ပျက်စီးဆုံးရှုံးရခြင်းမှာ မီးလောင်မှုကြောင့် မဟုတ်ဘဲ ပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးခြင်းဖြစ်ကြောင်း သိရသည်။   

ပေါက်ကွဲမှူကြောင့် မြေတွင်းကြီးမှာ ၁၀ ပေခန့်အနက်ရှိသည်။ထိုကျင်းအနီးတစ်ဝိုက်ရှိ (ပေ ၅၀၀ခန့်အတွင်းရှိ) အဆောက်အအုံအားလုံး နီးပါးမှာလည်း မုန်တိုင်းတိုက်ခတ်ခံရသည့်အလား ပြိုကျပျက်စီးနေသည်။ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လမ်း၊ ပုဇွန်တောင်ချောင်း အနီးမှာ ရှိတဲ့ ဂိုထောင်တွေ မီးလောင် ပေါက်ကွဲမှု ဖြစ်ပါတယ်။


၂၉-၁၂-၂၀၁၁ နေ့ ၀၁း၁၅ နာရီခန့်မှာ စတင်လောင်ကျွမ်းခဲ့ပြီး ၀၂း၀၀ နာရီမှာ ကျယ်လောင် တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ၎င်းပေါက်ကွဲသံဟာ ရန်ကုန်မြို့ မြို့နယ် အတော်များများ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ တာမွေ၊ ဗဟန်း၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ ကမာရွတ်၊ စမ်းချောင်း၊ သာကေတ၊ ဒေါပုံ၊ သင်္ကန်းကျွန်း စတဲ့ မြို့နယ်က တိုက်ခန်းတွေ လှုပ်ခါခဲ့ ပါတယ်။ ပေါက်ကွဲလွင့်စင် ထွက်လာတဲ့ အရာတွေ ထိမှန်ပြီး အနည်းဆုံး ၄၀ ဦးထက် မနည်း သေဆုံးတယ်လို့ ကယ်ဆယ်ရေး လုပ်နေသူ ကြက်ခြေနီ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ ပုဇွန်တောင် ချောင်းအတွင်း ဆိုက်ကပ်ထားတဲ့ စက်လှေ၊ သမ္မာန်တွေပေါ်က လူတွေကော၊ လှေတွေပါ တော်များများ ထိမှန်ခဲ့ပါတယ်။ ပေ ၁၀၀၀ ၀န်းကျင်ခန့် မှာရှိတဲ့ အိမ်များလည်း မီးမလောင်ပေမယ့် ပေါက်ကွဲတဲ့ အရှိန်ကြောင့် ပျက်စီးကုန်ပါတယ်။ မီးလောင်ရာသို့ မီးသတ်ကား အစီး ၇၀ ခန့် လာရောက် ငြိမ်းသတ်နေပါတယ်။ နံနက် ၀၃း၀၀ နာရီလောက်မှာ မီးညွန့်ကျိုးသွားပါတယ်။ မီးလောင်ပေါက်ကွဲတဲ့ ဂိုထောင်တွေဟာ အစိုးရပိုင်လား၊ပုဂ္ဂလိကပိုင်လား၊ ဦးပိုင်က ပိုင်တာလား ဆိုတာ မသိရသေးသလို ဘယ်က စလောင်တာလည်း ဆိုတာလည်း မသိရသေးပါဘူး။



ရန်ကုန်တမြိုလုံးခြောက်ခြားစေခဲ့တဲ့ မီးလောင်မှု ဆာလ်လဖြူ ရစ်အက်ဆစ်ကန်နှင့် ယမ်းစိမ်းများပေါက်ကွဲခြင်းဖြစ်
ရန်ကုန်တစ်မြို့လုံးနီးပါး ကြားသိခဲ့ရသည့် ခြောက်ခြားဖွယ် မြည်ဟည်းပါက်ကွဲမှု၏ အဓိကအကြောင်းအရင်းမှာဂိုထောင်အတွင်း သိုလှောင်ထားသည့် ဆာလ်လဖြူ ရစ်အက်ဆစ်ကန်နှင့် ယမ်းစိမ်းများပေါက်ကွဲခြင်းကြောင့်ဖြစ်ကြောင်း အခင်းဖြစ် ပွားရာနေရာတွင်ရောက်ရှိနေသည့် မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

ပေါက်ကွဲမှူကြောင့်အခင်းဖြစ်ပွားရာနေရာတွင် တာဝန်ကျမီးသတ်ဝန်ထမ်း ၅ဦးပွဲခြင်းပြီးသေဆုံးခဲ့ပြီး တစ်ဦးမှာဆေးရုံတွင် ကွယ်လွန်သွားခဲ့ရာ မီးသတ်ဌာနမှ အရာရှိ ၊တပ်သား စုစုပေါင်း ၆ဦး အသက် ဆုံးရှူးံသွားခဲ့သည်။
"ကျွန်တော်တို့ အင်ဂျင်နီယာပိုင်းဆိုင်ရာ စစ်ဆေးတွေ့ရှိမှုတွေအရ ဒါဟာ ၀ါယာရှော့လုံးဝမဟုတ်ပါဘူး။ လုံခြုံရေးမီးတစ်လုံးပဲ ရှိတဲ့နေရာကနေ ၀ါယာရှော့ဖြစ်ဖို့ မဖြစ်နိုင်ပါဘူး။ မီးလောင်ရင်တော့ ၀ါယာတွေမီးလောင်မှာပါပဲ။ လူတွေက အပြစ်လျော့အောင်လို့သာ ၀ါယာရှော့လို့ပြောနေကြတာပါ။ တကယ်တော့ ဒီမီးလောင်ကျွမ်းမှုဟာ ၀ါယာရှော့ကြောင့်မဟုတ်တာ အထောက်အထားတွေရှိပါတယ်" ဟု အမှတ်() လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မင်္ဂလာတောင်ညွန့်မြို့နယ် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာမှုး ဦးတင်ထွန်း က ပြောပါသည်။



댓글 없음:

댓글 쓰기