2011년 12월 28일 수요일

ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ် ၄ ခု မှ ပြည်ပရောက် လုပ်သားများ ငွေလွှဲမှုကို ၀န်ဆောင်မှု ပေးသွားရန်ရှိ

စင်္ကာပူ ၊ မလေးရှားနဲ့ ထိုင်း နိုင်ငံတွေမှာ တရားဝင် သွားရောက် လုပ်ကိုင်နေတဲ့ မြန်မာ လုပ်သားတွေက ပြည်တွင်းရှိ မိသားစုတွေထံ ငွေလွှဲပို့မှု တွေ အတွက် ပြည်တွင်းရှိ နိုင်ငံခြား ငွေရောင်း ၀ယ် ဖောက်ကား ခွင့် လိုင်စင် ရရှိထားတဲ့ ဘဏ် ၄ ခုမှ ၀န်ဆောင်မှု ပေးသွားမှာ ဖြစ်တယ်လို့ သိရပါသည်။

အဲ့ဒီလို ၀န်ဆောင်မှု ပေးခြင်းကို သမ၀ါယမဘဏ် ၊ ကမ္ဘောဇဘဏ် ၊ ဧရာဝတီဘဏ်နဲ့ အာရှ စိမ်းလန်းမှု
 ဖွံ့ဖြိုးရေး ဘဏ်တွေက ဆောင် ရွက်ပေးမှာ ဖြစ်ပါသည်။ အဲ့ဒီလို ဆောင်ရွက်ရာမှာတော့ ပြည် ပမှ လွှဲပို့တဲ့ ငွေကြေးတွေကို ပြည်တွင်းရှိ Money  Chan ger တွေက သတ်မှတ်တဲ့ ငွေလဲလှ ယ်နှုန်း
ပေါက်ဈေးအတိုင်း လဲလှယ် ဆောင်ရွက်ပေးမှာ ဖြစ် ပြီး ငွေလွှဲသူဟာ ငွေလွှဲခ နှုန်း ထားကိုသာ ပေးရမှာ ဖြစ်ပါသည်။


ယခု လက်ရှိမှာ ပြည်ပမှ ငွေ လွှဲသူတွေ ဟာ ပြည်တွင်း ပေါက်ဈေးထက် ဈေးနိမ့်တဲ့ အနေ အထားရှိတဲ့ ဟွန်ဒီစနစ်နဲ့ တရားမ၀င် လွှဲပြောင်းမှုများ များလျက် ရှိပါသည်။ ဒါ့ကြောင့် ယခုလို ဘဏ်များမှ ငွေလွှဲမှုကို တရားဝင် ၀န်ဆောင်မှု ပေးမယ့်အခါ  လွှဲပို့တဲ့ ငွေကြေးတွေကို ပြည်တွင်း တရားဝင် ပေါက်ဈေးအတိုင်း ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စတင် ကာ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ သိရပါသည်။

ဒါပေမယ့် ယခု လက်ရှိမှာ ပြည်တွင်း Money  Changer တွေမှာ ပြည်ပ ငွေကြေး လဲလှယ်မှုဟာ အမေရိကန်ဒေါ်လာ ၊ စင်္ကာပူ ဒေါ်လာနဲ့ ယူရိုငွေ တွေကိုသာ နေ့စဉ် ငွေကြေး လဲလှယ်နှုန်း ပေါက်ဈေးတွေနဲ့ သတ်မှတ်လဲလှယ် ပေးနေ တာ ဖြစ်ပါသည်။ နောက်ပိုင်းမှာ ထိုင်း နိုင်ငံနှင့် မလေးရှား နိုင်ငံမှာ သွားရောက် လုပ်နေတဲ့ ပြည်ပနိုင်ငံရောက် လုပ်သားတွေ အဆင်ပြေစေ ရေး အတွက်Money  Changer တွေမှာ ထိုင်းဘတ်နဲ့ မလေးရှား ရင်းဂစ် တွေကိုလည်း တရားဝင် လဲလှယ်နိုင်မယ့် ငွေကြေးနှုန်းထား တစ်ခု သတ်မှတ်ပေး သွားဖွယ် ရှိတယ်လို့ AGD ဘဏ်မှ တာဝန်ရှိသူရဲ့ ပြောကြားချက်အရ သိရပါသည်။

ဒီလို ပြည်ပရောက် လုပ်သားေ တွ ငွေလွှဲပို့မှုအတွက် ၀န်ဆောင်မှု ပေးနိုင်ရန် ပထမဦးဆုံး အနေနဲ့ ပြည်တွင်းရှိ နိုင်ငံခြား ငွေရောင်းဝယ် ဖောက်ကားခွင့် လိုင်စင်ရ ဘဏ်တွေထဲက ဘဏ် ၄ ခု ဟာ လာမယ့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီ လအတွင်း စင်္ကာပူ ၊ ထိုင်းနဲ့ မလေးရှား နိုင်ငံတွေမှာ ဘဏ်ရုံးခွဲတွေ သွားရောက် ဖွင့်လှစ်မှာ ဖြစ်တယ်လို့ သိရပါသည်။ ဒီလို သွားရောက် ဖွင့်လှစ်ရာ မှာတော့ AGD ဘဏ်မှ မလေးရှားနှင့် စင်္ကာပူ ၊ သမ၀ါယမ ဘဏ်မှ စင်္ကာပူ ၊ ဧရာဝတီဘဏ်မှ မလေးရှားနဲ့ ကမ္ဘောဇ ဘဏ်မှ ထိုင်းနိုင်ငံတို့မှာ သွားရောက် ဖွင့်လှစ်မှာ ဖြစ်တယ်လို့ သိရပါသည်။

댓글 없음:

댓글 쓰기