2011년 10월 15일 토요일

ဗီစာမဲ့သူတွေကို အတင်းဖမ်းဆီးပြန်ပို့လို့ အလုပ်ရှင်တွေ အခက်အခဲတွေ့ကြုံနေကြ

အတင်းအကြပ်ဖမ်းဆီးခံနေရတဲ့ တရုတ်အမျိုးသမီး
လူဝင်မှုကြီးကြပ်ရေးဌာနက ဗီစာမဲ့နေထိုင်အလုပ်လုပ်ကိုင်သူများကို အတင်းအကြပ်ဖမ်းဆီး ပြန်ပို့နေမှု ကြောင့် နိုင်ငံခြားသားအလုပ်သမားများစွာ အသုံးပြုနေကြရတဲ့ ရှီဟွာ၊ဘန်ဝေါ်လ် စက်မှုဇုန်အတွင်း (3D dirty, dangerous, difficult)လုပ်ငန်းတွေဟာ အခက်အခဲ များစွာကို တွေ့ကြုံနေကြရပါတယ်။
လွန်ခဲ့တဲ့ ၁၃ရက်နေ့က လ၀ကနဲ့ အလုပ်သမားဝန်ကြီးဌာနတို့ဟာ ရှီဟွန်းမြို့ရှိ စက်ရုံတရုံအတွင်း အလုပ်လုပ်ကိုင်နေသူ ဗီစာမဲ့ နိုင်ငံခြားသား အလုပ်သမား၁၄ဦးကို ဖမ်းဆီးခဲ့ပါတယ်။
အန်ဆန်းဒေသ အလုပ်သမားဝန်ကြီးဌာနဟာ သက်တန်းပြည့်မယ့် အီးပီအက်စ်အလုပ်သမားတွေကို နိုင်ငံပြန်ပို့နိုင်ရန်အတွက်  အလုပ်ရှင်တွေကို စည်းရုံးဖို့ အလုပ်ရှင်တွေနဲ့ တွေ့ဆုံရှင်းလင်းပွဲကို ကျင်းပခဲ့ပြီး လာမည့် ၁၁လ ပိုင်းမှာ လ၀ကနဲ့အတူ ဗီစာမဲ့ အလုပ်သမားတွေကို ပူးပေါင်းရှာဖွေ ဖမ်းဆီးသွားဖို့ စီစဉ်နေပါတယ်။

ပင်ပန်းတဲ့ စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေသူ ရွှေ့ပြောင်းအလုပ်သမားတဦး
ဒါပေမယ့် ဗီစာမဲ့အလုပ်သမားများရဲ့ အင်အားနဲ့ လုပ်ငန်းလည်ပတ်နေရတဲ့ အန်ဆန်း ရှီဟွာ၊ ဘန်ဝေါ်လ် စက်မှုဇုန်တွင်း လုပ်ငန်းများဟာ အလုပ်သမားပြတ်လပ်မှုနဲ့ ရင်ဆိုင်ရတော့မှာကို စိုးရိမ်နေကြပါတယ်။
လုပ်ငန်းရှင်တဦးက လုပ်ကိုင်ခွင့်သက်တန်းကာလအတွင်း လုပ်ငန်းကျွမ်းကျင်ပြီးသူ နိုင်ငံခြားသားအလုပ်သ မားတွေကို ဗီစာမဲ့တာကြောင့် အတင်းပြန်ပို့ခြင်းနဲ့ မိမိဘာသာအကြောင်းကြားထွက်ခွာစေခြင်းတွေကို ကျင့်သုံးမယ်ဆိုရင် အချိန်များစွာ ရင်းနှီးပြီး လေ့ကျင့်ပျိုးထောင်ခဲ့ရတဲ့ ကျွမ်းကျင်အလုပ်သမားတွေ ပြတ်လပ်မှုကြောင့် လုပ်ငန်းတွေဟာ ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြရတော့မယ်လို့ စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အထူးသဖြင့် ၂၀၀၇ခုနှစ် ၃လပိုင်းက စပြီး ကျင့်သုံးခဲ့တဲ့ အလည်အပတ်အလုပ်လုပ်ပိုင်ခွင့်အောက် အလုပ် လုပ်ကိုင်လာခဲ့သူ ကိုရီးယားနွယ်ဝင် တရုတ်လူမျိုးတွေအနေနဲ့လည်း မကြာမီမှာ သက်တန်းပြီးဆုံးတော့ မှာမို့ အလုပ်သမားလိုအပ်မှုဟာ အရေးပေါ် ကိစ္စဖြစ်နေပါတယ်။
ကိုရီးယားနွယ်ဝင် တရုတ်လူမျိုးတွေအတွက် သာမန်အလုပ် အမျိုးအစား ၃၆မျိုးမှာ ၅နှစ်ကြာ အလုပ်လုပ် ခွင့်ပေးထားတဲ့ အလည်အပတ် အလုပ်လုပ်ခွင့် စနစ်ဟာ ၅နှစ်ပြည့်ပြီ ဖြစ်တာကြောင့် လာမယ့်နှစ်မှာ သက်တန်းပြည့် တရုတ်လူမျိုး ၇သောင်းခန့်ဟာ ကိုရီးယားကနေ ထွက်ခွာပေးကြရတော့မှာ ဖြစ်ပါတယ်။
သူတို့တွေ တပြိုင်နက်ထဲ ကိုရီးယားကနေထွက်ခွာသွားမယ့် အတွက်ကြောင့် 3Dလုပ်ငန်းတွေဟာ အလုပ်သမားပြတ်လပ်မှုဆိုတဲ့ ကြီးမားတဲ့အခက်အခဲတွေကို ရှောင်ဖယ်ဖို့ဆိုတာ မဖြစ်နို်င်တဲ့ အခြေအနေပါ။
ဒါပေမယ့် လူဝင်မှုကြီးကြပ်ရေးအရာရှိကတော့ လုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေကို သိနားလည်ပေမယ့် လည်း ဥပဒေအရ ဖမ်းဆီးပြန်ပို့ရမယ့် လက်ရှိအနေအထားက ဘယ်လိုမှ မတတ်နိုင်ဖြစ်နေကြောင်း၊ အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားတွေ ပြန်လည်ထွက်ခွာနိုင်အောင် အတူ ၀ိုင်းဝန်းဆောင်ရွက်ပေးဖို့ လိုကြောင်း ပြောကြားလိုက်ပါတယ်။
သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기