2011년 10월 28일 금요일

၆ ကြိမ်မြောက် ရွှေ့ ပြောင်းသူ ရုပ်ရှင်ပွဲတော် ဘူချွန်းမြို့တွင် ကျင်းပမည်။

ရုပ်ရှင်ပြပွဲလာ ပရိသတ်များ
နှစ်စဉ် ရွှေ့ပြောင်းသူ ကမ္ဘာ အသံလွှင့်ဌာန MWTVမှ ဦးစီးပြီး ကျင်းပ လာခဲ့တဲ့ ၆ကြိမ်မြောက် ရွှေ့ပြောင်း သူ ရုပ်ရှင်ပွဲတော်ရဲ့ အပတ်စဉ် နယ်လှည့်ပြသပွဲဟာ အခုလာမယ့် တနင်္ဂနွေနေ့ မှာဆိုရင် ဘူချွန်း မြို့တွင် ပြသမှာ ဖြစ်ပါတယ်။
ရွှေ့ပြောင်းသူရုပ်ရှင်ပြပွဲဟာ ရွှေ့ပြောင်းသူတို့ရဲ့ ဘ၀အခြေအနေများကို ပုံစံအမျိုးမျိုးဖြင့် ရိုက်ကူး ဖန်တီး ထားတဲ့ ဇာတ်လမ်းတို/ရှည်များဖြင့် တင်ဆက်ပြသနေတာဖြစ်ပြီး ရုပ်ရှင်များကို ရိုက်ကူးထားသူများကတော့ ရုပ်ရှင် ဒါရိုက်တာများ နဲ့ ရွှေ့ပြောင်းသူများ ကိုယ်တိုင် ဖြစ်ကြပါတယ်။


လာမည့် အောက်တိုဘာ ၃၀ရက်နေ့ တနင်္ဂနွေနေ့ နေ့လယ် ၂နာရီမှ ၅နာရီအထိ ပြသမည့် ရုပ်ရှင်တွေကို ဘူချွန်းမြို့ ဘို့ဆားဂိုးလ် ယဉ်ကျေးမှုစင်တာရဲ့ ၂ထပ်မြောက်မှာ ရှိတဲ့ အာ့ထ်ဟိုးလ်မှာ သွားရောက် ကြည့်ရှု နိုင်ပါတယ်။
ရုပ်ရှင်ပွဲတော်ကို အပိုင်း၃ပိုင်းဖြင့် တင်ဆက်ပြသ ကျင်းပသွားမှာဖြစ်ပြီး ပထမပိုင်းနဲ့ ဒုတိယပို်င်းမှာ ရွှေ့ပြောင်းသူရုပ်ရှင်ကားများဖြစ်တဲ့ -
샤방 샤방 샤랄라,
아름다운당신,
오프사이드,
내 인생 한국에서,
애리조나,
1700%프로젝트:무슬림착각,
나홀로,
섞인말들
အစရှိတဲ့ ရုပ်ရှင်ကားမျိုးစုံကို ပြသသွားမှာဖြစ်ပါတယ်။

ရုပ်ရှင်ပြပွဲတွင်း ဖျော်ဖြေရေးအစီအစဉ်
တတိယပိုင်းမှာတော့(Talk-show )အစီအစဉ်ဖြစ် တဲ့  우리동네 이주민들과 나누는 이야기(တို့ရပ်ကွက်ထဲက ရွှေ့ပြောင်းသူများနဲ့ စကားစမြည် ပြောခြင်း)ဆိုတဲ့ အစီအစဉ်နှင့် စတန်းဒင်း ပါတီပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။

ရုပ်ရှင်ပြပွဲကျင်းပမည့် နေရာကို လာနည်းကတော့
မြေအောက်ရထား နံပါတ်၁လိုင်း အင်ချွန်းလိုင်းကို စီးပြီး ဆုန်းနဲဘူတာ(송내역)ထွက်ပေါက် အမှတ် ၂ မှ ထွက်ကာ ဘတ်စ်ကား အမှတ် ၇၀ သို့မဟုတ် အမှတ် ၁၆ ကိုစီးပြီး ရှေ့တမှတ်တိုင် ဖြစ်တဲ့ ဘို့ဆားဂိုးလ် မွန်းဟွာစင်တာ(복사골 문화센터)မှာ ဆင်းပါ။ လမ်းလျှောက်သွားရင် ၁၀မိနစ်ခန့် လျှောက်ရပါတယ်။
လွန်ခဲ့တဲ့လက စာရေးဆရာ ဆရာဖေမြင့်တို့ စာပေဟောပြောပွဲ ကျင်းပခဲ့တဲ့ စင်တာတွင်း ခမ်းမ နေရာပဲ ဖြစ်ပါတယ်။

လမ်းညွှန်မြေပုံ။


သတင်း  စိုးမိုးသူ

댓글 없음:

댓글 쓰기