2011년 9월 21일 수요일

ကိုရီးယားမှာ “ကုသိုလ်လည်းရ ၀မ်းလည်းဝ” စေမည့် အရောင်းဈေးသည်များ အလိုရှိကြောင်း



မြန်မာပြည်တွင်းရှိ လူငယ် လူရွယ်များ၏ ပညာရည်တိုးတက်မြင့်မားရေး လုပ်ငန်းစဉ်များနှင့် ဒေသတွင်း အထွေထွေဖွံ့ဖြိုးရေးလုပ်ငန်းများကို ကူညီထောက်ပံ့ရန် ရည်ရွယ်၍ ကိုရီးယားနိုင်ငံ၏ အချက်အခြာကျသော နေရာများတွင် “လက်တွန်းလှည်း” နှင့် ဈေးရောင်းပြီး ရန်ပုံငွေရှာဖွေမည့် လုပ်ငန်းစဉ်တခုကို စီစဉ်ဆောင်ရွက်လျှက် ရှိပါသည်။ အဆိုပါလုပ်ငန်းစဉ်အတွက် ပူးပေါင်းပါဝင်မည့် အရောင်းဈေးသည်များ လိုအပ်နေ၍ ဖိတ်ခေါ်အပ်ပါသည်။

ဈေးရောင်းကြမဲ့ ပုံစံက ဒီလိုပါ

မိမိတို့ တတ်ကျွမ်းတဲ့ အစားအစာ တခုခုကို လက်တွန်းလှည်းနဲ့ ရောင်းချခြင်းဖြစ်ပါတယ်။

(ရောင်းချမဲ့ အစားအစာ အပေါ်မူတည်ပြီး လှည်းတစီးကို တစ်ယောက်(သို့မဟုတ်)အကူနှင့် နှစ်ယောက်တွဲပြီး ရောင်းနိုင်ပါတယ်။)

ဘယ်လိုကူညီပံ့ပိုးမှုတွေ ရမလဲ

မိမိတို့ ရောင်းလိုတဲ့ အစားအစာပုံစံနဲ့ ကိုက်ညီတဲ့ လှည်းပြုလုပ်ပေးမယ်။

လိုအပ်တဲ့ အိုး၊ ခွက်၊ ပုဂံ စတာတွေ ပြည့်စုံအောင် စီစဉ်ပေးမယ်။

ရောင်းချခွင့် ရဖို့နေရာစီစဉ်ပေးမယ်။ မိမိတို့ ရောင်းလိုတဲ့ ဈေးကွက်ရှိတဲ့နေရာ ရှိခဲ့ရင်လည်း ရောင်းချခွင့်ရဖို့ သက်ဆိုင်ရာနဲ့ လိုအပ်တဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ပေးမယ်။

ဈေးလှည်းရွှေ့ပြောင်းနိုင်ဖို့ အတွက် ဆွဲရမဲ့ကားလဲစီစဉ်ပေးမယ်။

အခြားလိုအပ်နိုင်တဲ့ စီမံခန့်ခွဲမှုတွေကိုလည်း လိုအပ်သလို ကူညီဆောင်ရွက်ပေးမယ်။

အကျိုးခံစားခွင့်ဘယ်လိုရမလဲ

တလအမြတ်ငွေဟာ ကိုရီးယားနိုင်ငံရဲ့ အလုပ်သမားတစ်ယောက်ရနိုင်တဲ့ အခြေခံလစာဖြစ်တဲ့ ၁၀ သိန်းမကျော်သေးခင်ကာလထိ ဈေးရောင်းသူကိုသာ ရာနှုန်းပြည့်ခံစားခွင့်ပေးပါမယ်။

တလအမြတ်ငွေ ၁၀သိန်းကျော်လာတဲ့အချိန်မှာတော့ ပြည်တွင်းရှိ ပညာရေး ထောက်ပံ့မှုအတွက် ၁၀% ထည့်ဝင်ရပါမယ်။(အကယ်၍ ၂ယောက်တွဲပြီး ရောင်းရမယ် ဆိုရင်တော့ တလအမြတ်ငွေ ၂၅သိန်းကျော်မှ ၁၀% ထောက်ပံ့ငွေထည့်ဝင်ရပါမယ်။)

အမြတ်ငွေ တိုးလာတာနဲ့အမျှ ထောက်ပံ့ငွေကိုလည်း ရာခိုင်နှုန်းတိုးပြီး ထောက်ပံ့ပေးရမယ်။ ဈေးရောင်းသူမှာလည်း မိမိတို့ကြိုးစားမှုကြောင့် ရောင်းအားကောင်းလာတာနဲ့အမျှ အကျိုးခံစားခွင့် ပိုပို ရရှိလာမှာဖြစ်ပါတယ်။

(အသေးစိတ်ကိုတော့ ဈေးရောင်းသူနဲ့ ကျနော်တို့ ကော်မတီ ညှိနှိုင်းပြီး သဘောတူညီချက်ရယူ ဆောင်ရွက်ကြပါမယ်။)

ဘယ်အချိန်မှာရောင်းရမလဲ

အချိန်ကတော့ မိမိတို့ ရောင်းမဲ့အစားအစာက နံနက်စာလား၊ နေ့ခင်းစာလား၊ ညနေစာလား၊ တနေကုန်ရောင်းလို့ရတဲ့အစားအစာလား ဆိုတာပေါ်မှာ မှုတည်ပြီး လွတ်လပ်စွာရောင်းချနိုင်ပါတယ်။

ဗီဇာလိုသလား

ဗီဇာ တခုတော့ ရှိထားဖို့လိုမယ်၊ ရှိထားတဲ့ ဗီဇာအပေါ်မူတည်ပြီး ဈေးရောင်းခွင့်ရအောင် လိုအပ်သလို ကူညီပေးပါမယ်။ လိုအပ်တဲ့ အာမခံကိစ္စတွေလည်း ဆောင်ရွက်ပေးပါမယ်။

စိတ်ဝင်စားကြပါက အမြန်ဆုံးဆက်သွယ်ကြပါ။ မိမိတို့ရောင်းချမဲ့ အစားအစာကို ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ( ၉ )ရက်နေ့ မှာ နမူနာလုပ်ကိုင်ပြဖို့ အစီစဉ်ရှိတဲ့အတွက် အောက်တိုဘာလ(၂)ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်ကြပါရန်။

ဆက်သွယ်ရန်။

၁။ ကိုဝိုင်း (၀၁၀ ၂၃၃၁ ၂၄၅၇)

၂။ကိုဇေမင်းအောင် (၀၁၀ ၈၉၀၃ ၆၆၉၃)

၃။ကိုမြင့်ကျော် (၀၁၀ ၈၀၅၆ ၃၁၃၁)

၎။ကိုသူရ (၀၁၀ ၄၁၈၇ ၅၂၁၈ )

၅။ကိုစိုးမိုးသူ (၀၁၀ ၇၁၅၅ ၆၅၈၁ )

댓글 1개:

  1. စိတ်ဝင်စားလယ် ဗီဇာအရှိလော့ဝူးးးးးးးး :( :(

    답글삭제