2011년 9월 1일 목요일

၉လ ၂ရက်၊ ၃ရက်တွင် ၆ကြိမ်မြောက် ရွှေ့ပြောင်းသူ ရုပ်ရှင်ပြပွဲကျင်းပမည်



ရွှေ့ပြောင်းသူ အသံလွှင့်ဌာန MWTVက နှစ်စဉ် ကျင်းပလာခဲ့တဲ့ ရွှေ့ပြောင်းသူရုပ်ရှင်ပြပွဲကို လာမယ့် စက်တင်ဘာလ ၃ရက်နဲ့ ၄ရက် စနေ၊တနင်္ဂနွေ ၂ရက်တိုင်တိုင် မနက် ၁၁နာရီမှ ည၉နာရီအထိ ဂူးရို ဘူတာ အနီး ဂူးရို CGVရုပ်ရှင်ရုံ အမှတ်၁၀မှာ အခမဲ့ ပြသသွားမှာ ဖြစ်ပါတယ်။
ပြသမယ့် ရုပ်ရှင်များမှာ ရွှေ့ပြောင်းသူတို့ရဲ့ ဘ၀ကို ဖော်ပြထားတဲ့ ဇာတ်လမ်း အတို၊ အရှည် စုစုပေါင်း ၂၁ကား ဖြစ်ပါတယ်။

စနေနေ့ ညနေ၇နာရီမှာတော့ ရုပ်ရှင်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဖွင့်ပွဲကို ရွှေ့ပြောင်းသူ အဆိုတော်များရဲ့ ကပြ သီဆိုမှု၊ ဖွင့်ပွဲ ရုပ်ရှင် ကြည့်ရှုမှုတို့ဖြင့် စီစဉ်ထားပြီး လာရောက်သူ ကိုရီးယားနဲ့ နိုင်ငံခြားသားဧည့်သည်တော်များကို မြန်မာနိုင်ငံသားများမှ လက်ဘက်ရည်ဖြင့် ကျွေးမွေး ဧည့်ခံသွားမှာဖြစ်ပါတယ်။

ဒီ ရုပ်ရှင်ပြပွဲကို ဆိုးလ်မြို့မှာ စတင် ဖွင့်လှစ်ပြသပြီးနောက် မာဆောက်၊ ချန်ဝန်း၊ ဂိုရန်၊ အန်ဆန်း၊ ဘူချွန်း စတဲ့ မြို့တွေမှာ ၂လတိုင်တိုင် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တို့မှာ သွားရောက် ပြသပေးကာ ကင်ပိုမြို့မှာ ပိတ်ပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။

မိမိတို့ရဲ့ ဘ၀ အဖုံဖုံကို ရုပ်ရှင် ပိတ်သားပြင်ပေါ်မှာ ကြည့်ရှုကာ ကိုရီးယားရောက် ရွှေ့ပြောင်းသူတို့ ဘ၀ သာယာစေရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့ အတွက် ရွှေ့ပြောင်းသူ ရုပ်ရှင်ပြပွဲကို
မြန်မာနိုင်ငံသားညီအကိုမောင်နှမအပေါင်း အင်အားပြည့် တက်ရောက်ကြပါရန် တိုက်တွန်းအပ်ပါတယ်။

ပြသမည့် ရုပ်ရှင်ရုံသို့ လာရန် လမ်းညွှန်။ ။
ရထားလိုင်း အမှတ်၁ ဂူးရိုဘူတာ(구로역) ထွက်ပေါက်အမှတ်၁မှ ထွက်ရင် အဲဂယောင် ကုန်တိုက်ထဲ
ကို ရောက်ပါတယ်။ ကုန်တိုက်ရဲ့ ၆ထပ်မြောက် CGVရုပ်ရှင်ရုံ အမှတ် ၁၀မှာ ပြသမှာ ဖြစ်ပါတယ်။

၂ရက်တိုင်ပြသမည့် ရုပ်ရှင်ကားများ။











댓글 없음:

댓글 쓰기