2011년 8월 5일 금요일

၂၃နှစ်ပြည့် ၈လေးလုံး မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံ အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲနှင့် ဆန္ဒပြပွဲ ကျင်းပမည်

ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကို လိုလားတဲ့ ပြည်သူများက တခဲနက် စုပေါင်း တောင်းဆိုခဲ့တဲ့ သမိုင်းတင် ၈လေးလုံး မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံကြီးရဲ့ ၂၃နှစ်ပြည့် အထိမ်းအမှတ်အဖြစ်  လာမည့် သြဂုတ်လ ၇ရက်၊ နေ့လယ် ၁၂နာရီမှ ၁နာရီအထိ ဆိုးလ်မြို့ရှိ မြန်မာသံရုံးရှေ့၌ သတင်းစာရှင်းလင်းပွဲနှင့် ဆန္ဒ ပြပွဲကိုပြုလုပ်မည်ဖြစ်ကြောင်း သတင်း ရရှိ ပါတယ်။ အဆိုပါ ပွဲကို ကိုရီးယားနိုင်ငံရောက် အဖွဲ့ အစည်း များ၊ မျိုးချစ်ပြည်သူများနဲ့ မြန် မာ့အရေး ထောက်ခံ သူများ စုပေါင်းပြီး ကျင်းပမှာ ဖြစ်ပါတယ်။ပါဝင်ပူး ပေါင်းလိုသူများအနေနဲ့ အောက်ပါ လမ်းညွှန် အတိုင်း  လာရောက်နိုင်ပါ တယ်။


လမ်းညွှန်။
မြေအောက်ရထားလိုင်း၆ 한강진역(ဟန်ဂန်ဂျင်န်)ဘူတာ ထွက်ပေါက်နံပါတ်၂၊
ရထားလိုင်း ၄ 한남역(ဟန်နမ်းဘူတာ)မှ ထွက်ပြီး ဟန်နမ်းချိုဒွန်ဟာ့ ဂရို(ဟန်နမ်းမူလတန်းကျောင်း)ရှေ့ကို လမ်းလျှောက်နိုင်၊ တက္ကစီ စီးနိုင်ပါတယ်။
လမ်းလျှောက်ရင် ၁၅မိနစ်ခန့်၊တက္ကစီစီးရင် ၅မိနစ်ခန့် ကြာပါတယ်။မြန်မာသံရုံးက ကျောင်းရှေ့ တည့်တည့်မှာ ရှိပါတယ်။

댓글 없음:

댓글 쓰기