ယခုလ သြဂုတ်က စပြီး အီးပီအက်စ် စနစ်အောက် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ဥပဒေ အကြောင်း အရာ အချို့ ပြုပြင်ပြောင်းလဲလိုက်ကြောင်း သိရပါတယ်။ ယခုလ ၁ရက်နေ့မှ စတင် အကျုံးဝင်မယ့် ပြုပြင် လိုက်တဲ့ အကြောင်းအရာတွေကတော့
၁) အလုပ်လုပ်ပိုင်ခွင့် သက်တန်း မပြီးဆုံးမီ ၇ရက်အလိုအထိ
အလုပ်ပြန်လည်ခန့်ထားခွင့် လျှောက်လွှာ(재고용 신청) တင်နိုင်
အလုပ်စာချုပ် သက်တန်းကာလ ပြည့်ပြီးနောက် အလုပ်ရှင်ဟာ ရွှေ့ပြောင်းအလုပ်သမားကို ပြန်လည် အလုပ်ခန့်အပ်ကာ အဆိုပါ ခန့်အပ်ကြောင်း လျှောက်လွှာကို အလုပ်သမားရဲ့ ကိုရီးယားတွင်း အလုပ်လုပ်ပိုင်ခွင့်ကာလသက်တန်း(၃နှစ်) မကုန်မီ ၇ရက်အလိုအထိ အလုပ်သမားဝန်ကြီးဌာနမှာ သွားရောက် လျှောက်လွှာတင်နိုင်ပါတယ်။
ယခင်ကဆို အလုပ်သမားရဲ့ အလုပ်လုပ်ပိုင်ခွင့် သက်တန်းမပြည့်မီ ၄၅ရက်အလိုမှာ အလုပ်ရှင်အနေနဲ့ အလုပ်ပြန်လည်ခန့်ထားခွင့် လျှောက်လွှာကို အလုပ်သမားဝန်ကြီးဌာနသို့ လျှောက်လွှာ တင်ပေးရမည် ဖြစ်ခဲ့တာကြောင့် အလုပ်ရှင်တွေမှာ အဲဒီ အချိန်ကာလ အမှီ ပြန်လည် မလျှောက်ထားနိုင်ခဲ့တဲ့ အခက်အခဲများ ရှိခဲ့ပါတယ်။
အခုလို ပြောင်းလဲလိုက်တာကြောင့် အလုပ်ဆက်လုပ်ချင်ပေမယ့်လည်း အလုပ်သမားအနေနဲ့ ကိုရီးယားက ခေတ္တ ထွက်ခွာ ပေးရတဲ့ အခြေအနေမျိုးတွေ လျော့နည်းသွားမယ်လို့ ခန့်မှန်းကြပါတယ်။
ဒါပေမယ့် အလုပ်ပြန်လည်ခန့်ထားခြင်းကို ခံယူဖို့အတွက် အလုပ်သမားအနေနဲ့ ကိုရီးယားတွင်း နေထိုင်ခွင့် သက်တမ်း အနဲဆုံး၁လ ကျန်သေးရမှာ ဖြစ်ပါတယ်။
အလုပ်ပြန်လည်ခန့်ထားခွင့် လျှောက်လွှာ(재고용 신청)=
အလုပ်ရှင်က အလုပ်လုပ်ပိုင်ခွင့် သက်တန်း ၃နှစ်ပြည့် အလုပ်သမားကို ပြန်လည် အလုပ်ခန့်အပ်တဲ့
လျှောက်လွှာ။ အလုပ်ပြန်လည်ခန့်ထားခံ အလုပ်သမားဟာ နောက်ထပ် သက်တန်း ၁နှစ်၁၀လရပါတယ်။
၂) အလုပ်သမား ၄ယောက်အောက် အသုံးပြုသူ အလုပ်ရှင်များ၊
လုပ်သက်ခံစားခွင့် ဆိုင်ရာ အာမခံကြေး (출국만기 보험) ကို မဖြစ် မနေ ပေးဆောင်ရမည်
ယခုလကစပြီး အလုပ်သမား၎ဦးအောက် ရှိတဲ့ အလုပ်ရှင်တွေဟာ လုပ်သက်ခံစားခွင့် ဆိုင်ရာ အာမခံကြေးကို မဖြစ် မနေ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် သြဂုတ်လ ၁ရက်နေ့ မတိုင်မီက ရွှေ့ပြောင်း အလုပ်သမားကို အလုပ်ခန့်ထားသူ အလုပ်ရှင်အနေနဲ့ကတော့ မဖြစ်မနေ အာမခံကြေးပေးခြင်းကို မပြုလုပ်လဲ ရကြောင်း ပါရှိပါတယ်။
လုပ်သက်ခံစားခွင့် ဆိုင်ရာ အာမခံကြေး (출국만기 보험)
တနှစ်နဲ့ အထက် အလုပ်လုပ်သူ အလုပ်သမားက အလုပ်ထွက်တဲ့အခါ အလုပ်ရှင်က ပေးရမည့် လုပ်သက်ခံစားခွင့်ဆိုင်ရာ အာမခံကြေး။
၃) မဖြစ်မနေ လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းချိန် နာရီ ၁၆နာရီသို့ လျှော့ချ
ကိုရီးယားကို ၀င်ရောက်လာသူ EPSရွှေ့ပြောင်းအလုပ်သမားများ အနေနဲ့ မဖြစ်မနေ သင်ယူရမယ့် သင်တန်းအချိန် နာရီ ၂၀ကို ၁၆နာရီကို လျှော့ချလိုက်ပါတယ်။
သတင်း စိုးမိုးသူ
댓글 없음:
댓글 쓰기