2011년 8월 26일 금요일

ရေကူးဝတ်စုံဝတ် အမျိုးသမီးများကို ဓာတ်ပုံရိုက်သူ တရုတ်လူမျိုး အဖမ်းခံရ

ဂျဲဂျူး ဆာဂွီဖို ကမ်းခြေစောင့်ရဲဌာနဟာ ပင်လယ် ကမ်းခြေမှာ ရေကူးဝတ်စုံဝတ်ထားသူ အမျိုးသမီး တွေကို ကင်မရာဖြင့် ရိုက်ယူသူ တရုတ်လူမျိုး ဂျန်း(အသက်၂၉)ကို ဖမ်းဆီးလိုက်ပါတယ်။
ဂျန်းဟာ သြဂုတ်လ ၂၅ရက်နေ့လယ်၎နာရီခွဲမှာ ဂျဲဂျူး ဆာဂွီဖိုမြို့ ဂျွန်မွန်းဆဲ့ဒါလ် ပင်လယ်ကမ်းခြေ မှာ ရေကူးဝတ်စုံနဲ့ ရေကစားနေတဲ့ အသက် ၁၉နှစ် အရွယ် အမျိုးသမီးငယ် နှစ်ဦးကို စိတ်တိုင်းကျ ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။

တရုတ်ဘာသာဆိုင်ရာ သုတေသနဌာနမှာ သုတေသနလုပ်ငန်းပြုနေသူ ဂျန်းဟာ ဂျဲဂျူးမှာ ဖွင့်လှစ်တဲ့ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်ဖို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကိုရီးယားကို ၀င်ရောက် လာခဲ့ပါတယ်။ သူက လှပတဲ့ ကိုရီးယားအမျိုးသမီးတွေရဲ့ ကိုယ်သဏ္ဍာန်ကို ဓာတ်ပုံရိုက်ယူ သိမ်းဆည်း ထားလိုတာကြောင့် အခုလို လုပ်ခဲ့တာဖြစ်တယ်လို့ ၀န်ခံပါတယ်။
ကိုရီးယားရဲ့ မတော်မတရားပြုကျင့်မှုဆိုင်ရာ အပြစ်ပေးမှုဆိုတဲ့ ဥပဒေမှာ သဘောတူညီမှု ရယူခြင်းမရှိပဲ ကာမဆိုင်ရာစိတ်ကို နှိုးဆွစေတဲ့ တခြားသူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို ဓာတ်ပုံ၊ ရုပ်သံ ရိုက်ယူပါက ထောင်ဒဏ်၅နှစ် သို့မဟုတ် ဒဏ်ငွေ ၀မ်သိန်းတရာကို ပေးဆောင်ရမယ်လို့ ပါရှိပါတယ်။

သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기