2011년 8월 1일 월요일

နေ့မှာ ဖေဖေ၊ ညမှာ ဘာဘာရီ

ဘာဘာရီ=အတွင်းခံအ၀တ်မပါ ကုတ်အင်္ကျီဝတ်ပြီး အမျိုးသမီးများရှေ့တွင် မိမိအင်္ဂါကို ဖော်ပြသူ
မနက် အာရုဏ်တက်ဆိုရင် စကတ်တိုတိုဝတ်ထားတဲ့ မိန်းကလေးတွေကို လိုက်လံ စော်ကားတဲ့ အိမ်ထောင်သည်အမျိုးသား တဦးဟာ ရဲများရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ပါတယ်။

ချောင်းဂျူးမြို့နယ် ဟုန်းဒေါ့ရဲဌာနက သြဂုတ်၁ရက်နေ့မှာ အရက်မူးပြီး အိမ်ပြန်လာတဲ့ အမျိုးသမီးတွေကို အတင်းအဓမ္မစော်ကားမှုကြောင့် အသက်၃၉နှစ်အရွယ် ကင်မ်ကို ဖမ်းဆီးလိုက်ကြောင်း ထုတ်ဖော်ပြောကြား ပါတယ်။

ကင်မ်ဟာ လွန်ခဲ့တဲ့ လ ၂၆ရက် မနက်၆နာရီ၊ အပတ်မန့်တခုရဲ့ ရှေ့မှာ စကတ်တိုတို ၀တ်ပြီး အိမ်ပြန်လာ သူ အမျိုးသမီးအနီးသို့ ချည်းကပ်သွားပြီး မတရားပြုကျင့်ရန် ကြိုးစားခဲ့ရာမှ အမျိုးသမီးဟာ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ သူဟာ အဲဒီလိုနည်းလမ်းနဲ့ ဒေသအနီးတ၀ိုက်မှာ ၈ကြိမ်တိုင်တိုင် ပြုကျင့်ခဲ့ဖူးပါတယ်။
ရဲများရဲ့ စစ်ဆေးချက်အရ သူဟာ ဇနီးဖြစ်သူ အိပ်ပျော်နေစဉ် မနက် ၃နာရီ၊ ၄နာရီခန့်မှာ အလုပ်သွားရန် အကြောင်းပြပြီး အိမ်က စောစောထွက်ကာ ချောင်းဂျူးမြို့ လမ်းကျိုကြားအတွင်း လှည့်လည်သွားလာကာ အဲဒီလို ပြုကျင့်ဖို့ ကြိုးစားခဲ့ကြောင်း သိရှိရပါတယ်။
သူ့ရဲ့မိသားစုဟာ သူဒီလို ပြုကျင့်သွားလာနေတာကို လုံးဝမသိပါ။ ကင်မ်ဟာ လပေါင်းများစွာ နေ့ဘက် တွင် ဖခင်တယောက်လို၊ ညဘက်မှာတော့ မဒိန်းပြုကျင့်သူတယောက်လို ဘ၀၂ခုဖြင့် နေထိုင်ခဲ့ပါတယ်။

ရဲတွေဟာ မနက်ခင်းမှာ အဓမ္မပြုကျင့်ခံရသူရဲ့ တိုင်ကြားချက်အရ လမ်းကြားမှာ လျှို့ဝှက်ကင်မရာများကို တပ်ဆင်ပြီး ကျူးလွန်သူ ကင်မ်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ကင်မ်က စကတ်တိုတို ၀တ်တဲ့ အမျိုးသမီးတွေကို မြင်ရင် ဘယ်လိုဖြစ်မှန်းမသိ အဲဒီလိုမျိုး ကျင့်ချင်တဲ့ စိတ်က ပေါက်လာတယ်လို့  ရဲများထံ ထွက်ဆိုပါတယ်။
သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기