2011년 8월 6일 토요일

ထိုင်းနယ်စပ်က မြန်မာဒုက္ခသည်တွေကို အလင်းပေးတဲ့ ကိုရီးယားအမျိုးသမီး

Heart Heart ဖောင်ဒေးရှင်းရဲ့ ကြော်ငြာတာဝန်ခံ ဖြစ်သူ ကင်မ်ဟရွန်စုဟာ ထိုင်းနိုင်ငံ မဲဆောက်ရှိ မြန်မာဒုက္ခသည်များအတွက် နေရောင်ခြည်အသုံးပြု မီးအိမ်များကို လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။

 မဲဆောက်ရှိ အမှိုက်ပုံအနီး နေထိုင်သူများဟာ နေ့ဘက်မှာဆိုရင် အမှိုက်ပုံအတွင်း ပစ္စည်းများ ကောက်တဲ့ အလုပ်ကို လုပ်ကိုင်ကြပေမယ့် ညဘက်မှာဆို အလင်းရောင်မဲ့ အမှောင်ထဲမှာ ဆင်းရဲစွာ နေထိုင်နေကြရပါ တယ်။

ကင်မ်က အဲဒီမှာ နေထိုင်ကြတဲ့ မြန်မာဒုက္ခသည်တွေနဲ့ ကလေးတွေရဲ့ မျက်နှာကို အခုထိတောင် မြင်ယောင်နေကြောင်း၊ နေရောင်ခြည်အသုံးပြု မီးအိမ် အလင်းကို အသုံးပြုပြီး သူတို့တွေရဲ့ ဘ၀က ပိုမို အဆင်ပြေပြီး အထူးသဖြင့် ကလေးငယ်လေးတွေက အနာဂတ်အိပ်မက်တွေကို မြင်မက်ခွင့် ရမယ်ဆိုရင် ကျမအနေနဲ့ ဒီ့ထက်ပိုပြီး တောင့်တစရာမရှိတော့ပါဘူးလို့ သူမရဲ့ ခံစားချက်ကို ဖွင့်ဟပါတယ်။

လက်ရှိ ထိုင်းနယ်စပ်မှာ အမျိုးမျိုးသော အကြောင်းကြောင့် အလုပ်လုပ်ကိုင်သူ၊ နေထိုင်ကြသူ မြန်မာနိုင်ငံသား စုစု ပေါင်း ၂သန်းကျော်ရှိပါတယ်။

သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기