2011년 8월 11일 목요일

ထိုးကြိတ်ခံရတဲ့အခါ ဖြေရှင်းရမည့် နည်းလမ်းများ

လုပ်ငန်းခွင်တွင်း ခိုက်ရန်ဖြစ်ပွားခြင်း အမျိုးအစား ၂မျိုး ရှိလေ့ရှိပါတယ်။
၁) အလုပ်ကြောင့်
၂) ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့်

ကိုရီးယား ဥပဒေအရ ဘယ်သူမှားမှား ခံရတဲ့သူက အနိုင်ရပါတယ်။
  1. အကယ်၍ မိမိ အထိုးကြိတ်ခံရပါက ရဲဌာန 112ကို ဖုန်းဆက် တိုင်ပါ။
  2. ရဲတွေ ရောက်လာတဲ့အခါ အဖြစ်အပျက်ကို ရှင်းပြပါ။
  3. ဘာသာစကားအခက်အခဲရှိရင် ရဲများကို မိမိ ကိုရီးယားစကားမပြောတတ်ကြောင်း ရှင်းပြပြီး ကိုရီးယား၊ မြန်မာ သက်ဆိုင်ရာ အဖွဲ့အစည်းများထံ ဆက်သွယ် အကူအညီ တောင်းပါ။
  4. ရဲဌာနအနေနဲ့လည်း ဘာသာစကားအခက်အခဲရှိသူ နိုင်ငံခြားသားအတွက် ဘာသာပြန်ကို ရှာဖွေပေးရမယ့် တာဝန်ရှိပါတယ်။
  5. မိမိထွက်ဆိုချက်များကို အတိအကျထွက်ဆိုပါ။ မိမိကို ရိုက်နှက်သူရဲ့ ထွက်ဆိုချက်များကိုလည်း အတိအကျ သိအောင် ကြိုးစားပါ။
  6. နားမလည်၊ မသိတဲ့ အချက်၊ စကားကို အလွယ်တကူ ခေါင်းမညိတ်ပါနဲ့။ လက်မှတ်မထိုးပါနဲ့။
  7. ရဲဌာနကို သွားတဲ့အခါ အခင်းဖြစ်ပွားပုံကို မြန်မာလို အသေးစိတ်ရေးထားတဲ့ စာကို ပြင်ဆင်ထားပါ။
  8. ရဲဌာနကို သွားတဲ့အခါ မိမိကို ရိုက်နှက်သူက အသုံးပြုခဲ့တဲ့ ကိရိယာ၊ ရိုက်နှက်မှုကြောင့်ထိခိုက်သွား တဲ့ဒဏ်ရာကိုအနီးကပ်ရိုက်ယူထားတဲ့ ဓာတ်ပုံ၊ ဆေးရုံမှာ ဆေးကုစဉ် ဒဏ်ရာရဲ့ ဆေးကုသရမည့် ကာလအတိုင်းအတာကို ရေးသားထားတဲ့ ဆရာဝန်ရဲ့ ဆေးမှတ်ချက်(진단서)၊ အခင်ဖြစ်ပွားတာကို မြင်တွေ့သူများရဲ့ ထောက်ခံစာ၊ ထွက်ဆိုစာ စတာတွေကို သေချာစွာ ပြင်ဆင် ယူဆောင်သွားပါ။
  9. အမှုစစ်ရဲက ရိုက်နှက်သူကို အပြစ်ဒဏ်ခံစေချင်သလား၊ လျော်ကြေးနဲ့ ပြေလည်မှုယူမလား မေးတာကို ဖြေဖို့ ကြိုစဉ်းစားထားပါ။
  10. အပြစ်ဒဏ်ခံစေပြီးနောက်လည်း ဒဏ်ရာရဲ့ အတိုင်းအတာပေါ်မူတည်ပြီး လျော်ကြေးကို တောင်းယူနိုင် ပါတယ်။ မရရင် တရားစွဲဆိုပါ။ရာနှုန်းပြည့် အနိုင်ရပါတယ်။ အမှုပြီးသွားပေမယ့်လည်း ဒဏ်ရာက ပြန်နာလာတဲ့အခါတိုင်း တရားခံဟာ လိုအပ်တဲ့ ဆေးဖိုးဝါးခကို အမြဲတမ်း ပေးရမယ်လို့ ဥပဒေမှာ ပါရှိပါတယ်။
  11. ကိုရီးယားဥပဒေဟာ တရားခံအနေနဲ့ သူတပါးကို ဒီလို ရိုက်နှက်လိုက်မှုကြောင့် တသက်လုံး နောင် တာကြီးစွာ ရအောင် ပြုလုပ်ထားပါတယ်။
  12. အလုပ်ကြောင့် ခိုက်ရန်ဖြစ်ပွားပြီး မိမိမှာ ထိခိုက်နစ်နာသွားပါက အလုပ်သမားဝန်ကြီးဌာန(고용노동부)ကို တိုင်ပါ။ အလုပ်သမားဝန်ကြီးဌာနက လုပ်ငန်းခွင်ထိခိုက်မှု(산업재해)လို့ အတည်ပြုပြီး နောက် အလုပ်သမားလူမှုဖူလှုံရေး ဌာန(근로복지공단)ထံ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှု ဆိုင်ရာလျော်ကြေးငွေ(산재보상금)ကို လျှောက်လွှာတင် တောင်းခံပါ။
  13. အလုပ်ကြောင့်ဖြစ်တဲ့ ခိုက်ရန်ဖြစ်ပွားမှုဆိုပါက အလုပ်ကထွက်ပြီး တခြားအလုပ်ရုံကို ပြောင်းခွင့်ရှိပါတယ်။

댓글 없음:

댓글 쓰기