2011년 8월 2일 화요일

ချစ်ရင် ဘယ်သူနဲ့မဆို အိမ်ထောင်ပြုမယ်ဆိုတဲ့ ကျောင်းသူများ

အထက်တန်းကျောင်းသူများက ကျောင်းသားများထက်ပိုပြီး နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုခြင်း အပေါ် သဘောတူ လက်ခံ တယ်ဆိုတဲ့ သုတေသန စစ်တမ်း အဖြေထုတ်ချက်အရ အထက် တန်းကျောင်းသား၊ ကျောင်းသူများအကြား အိမ်ထောင် ရေးနဲ့ ပတ်သက်တဲ့ သဘောထား ကွဲပြားခြားနားမှု ကြီးမားစွာ တည်ရှိ နေပါတယ်။

ချွန်းဘို့နယ် ပညာရေးဌာနဟာ နယ်မြေတွင်း အထက်တန်း ကျောင်းသား၊ကျောင်းသူ ပေါင်း ၁၃၆၉ဦး(ကျောင်းသား ၆၉၂ဦး၊ ကျောင်းသူ ၆၇၇ဦး)ရဲ့ နိုင်ငံခြားသားနဲ့လက်ထပ်ခြင်း အပေါ် သဘောထားကို စစ် ဆေးရာတွင် "ချစ်လို့ လက်ထပ်တာ ပြဿ နာ မရှိဘူး"လို့ ဖြေသူ ကျောင်းသူက ၅၁ဒသမ ၅ရာခိုင်နှုန်းရှိပြီး ကျောင်းသားက ၄၀ဒသမ ၃ရာခိုင်နှုန်းရှိတာကြောင့် ၁၀ရာခိုင်နှုန်း ကွာခြားတာကို တွေ့ရှိရပါတယ်။

ပြီးတော့ "ယဉ်ကျေးမှု မတူတာကြောင့် လက်မထပ်ဘူး"လို့ ဖြေသူ ကျောင်းသား(၂၉ရာခိုင်နှုန်း)က ကျောင်းသူထက် (၁၉ဒသမ၆ရာခိုင်နှုန်း) များတာကိုလည်း တွေ့ရှိရပါတယ်။
အိမ်ထောင်ပြုရေးနဲ့ ပတ်သက်ပြီး အိမ်ထောင်ပြုမယ်လို့ ဖြေသူ ကျောင်းသားက ၈၃ဒသမ၂ရာခိုင်နှုန်းနဲ့ ကျောင်းသူက ၈၂ဒသမ၃ရာခိုင်နှုန်း၊ အိမ်ထောင်မပြုဘူးလို့ ဖြေသူ ကျောင်းသားက ၅ဒသမ၃ ရာခိုင်နှုန်းနဲ့ ကျောင်းသူက ၈ဒသမ၄ရာခိုင်နှုန်း ရှိပါတယ်။

အိမ်ထောင်ပြုပြီးနောက် မိဘတွေနဲ့ ပတ်သက်ပြီး မိဘတွေကို အိမ်ခေါ်ပြီး အတူနေမယ်လို့ ဖြေသူ ကျောင်းသားက ၅၂ရာခိုင်နှုန်းနဲ့ ကျောင်းသူက ၄၆ဒသမ၄ရာခိုင်နှုန်း၊ အတူ မနေဘူးလို့ ဖြေသူ ကျောင်းသူက ၂၉ဒသမ၅ရာခိုင်နှုန်းနဲ့ ကျောင်းသားက ၁၂ဒသမ၃ရာခိုင်နှုန်း ရှိပါတယ်။
ဒီ သုတေသနပြုချက်အရ မြို့နယ်ပညာရေးဌာနက နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုရေး၊ မိဘတွေကို ပြုစု စောင့်ရှောက်ရေး စတဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အပေါ်မှာ ကျောင်းသားများဟာ ကျောင်းသူများ
ထက် ရှေးအစဉ်အလာကို ထိမ်းသိမ်းလိုစိတ် ပိုမို ထက်သန်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기