2011년 8월 4일 목요일

(အလုပ်သမားဥပဒေ) အလုပ်ချိန်

အလုပ်ချိန်ဟူသည် အလုပ်ဝင်ချိန်မှစတင်ပြီး အလုပ်သိမ်းချိန်အထိ (နားချိန်မှအပ )မည်သည့် ပုံစံဖြင့် ဖြစ်စေ အလုပ်နှင့်ပတ်သက်သည်အား ပြုလုပ်ရသည့် အချိန်အားလုံးကို ဆိုလိုသည်။

◆ ဥပဒေဖြင့် သတ်မှတ်ထားသည့် အလုပ်ချိန်သည် ၁-ရက်အလုပ်ချိန်၈-နာရီ။
အလုပ်သမား အရေအတွက်ပေါ် မူတည်၍ အလုပ်ချိန်သည် တပတ် နာရီ-၄၀၊ သို့မဟုတ် ၄၄-နာရီ။

အချိန်ပိုအလုပ် ။ အချိန်ပိုလုပ်ချိန် ဆိုသည်မှာ အခြေခံအလုပ်ချိန် တရက် ၈-နာရီ၊ (အလုပ်သမား အရေအတွက်ပေါ် မူတည်၍ တပတ် နာရီ-၄၀၊ သို့မဟုတ် ၄၄-နာရီ) ထက်ပို၍ အလုပ်လုပ်သည့်အချိန်။
ဥပမာအားဖြင့် အကယ်၍ တရက်-၁၀နာရီအလုပ်လုပ်လျှင်
တရက်အလုပ်ချိန်-၈နာရီ ကျော် အလုပ်လုပ်ခဲ့သည့် ၂-နာရီသည် အချိန်ပိုလုပ်ချိန်ဖြစ်သည်။
အချိန်ပို အလုပ်ကို အလုပ်ရှင်သည်အလုပ်သမား၏ သဘောတူညီချက်အား ရယူ၍ တပတ်လျှင် နာရီပေါင်း ၁၂-နာရီအထိ အလုပ်ခိုင်းနိုင်သည်။ အလုပ်သမားက ငြင်းဆိုပါက အတင်း အဓမ္မ မလုပ်ခိုင်းရ။

ညပိုင်းအလုပ် ။ ည၁၀-နာရီမှ နောက်တနေ့ မနက်၆-နာရီထိ အလုပ်လုပ်သည့် ကာလကို ခေါ်သည်။

ပိတ်ရက်အလုပ်လုပ်ခြင်း ။ စက်ရုံက တပတ်ကို တရက် နားရက် အဖြစ် သတ်မှတ်ထားတဲ့ ရက်(အများအားဖြင့် တနင်္ဂနွေ)တွင် ၉-နာရီအလုပ်လုပ်ခဲ့လျှင် ထို၉-နာရီ အလုပ်လုပ်ခြင်းသည် ပိတ်ရက်အလုပ်လုပ်ခြင်း ဖြစ်သည်။

댓글 없음:

댓글 쓰기