2011년 5월 18일 수요일

ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂ၊ အလုပ်သမားအသုံးပြုခွင့်စနစ်နဲ့ အလုပ်သမားဥပဒေသင်တန်းပေးခြင်း


◀ ANC ▶
ရွှေ့ပြောင်းအလုပ်သမားများအနေနဲ့ မိမိတို့ အလုပ်သမားအခွင့်အရေးကို ကာကွယ်မှုပေးတဲ့ အလုပ်သမားဥပဒေကို သိထားဖို့ အထူး လိုအပ်ပေမယ့် ဥပဒေပါ အကြောင်းအရာများကို သေချာသိဖို့ဆိုတာ ခက်ခဲလှပါတယ်။ အလုပ်သမားဥပဒေကို အတိအကျ သိရှိနိုင်ဖို့အတွက် မိမိတို့ ဘာသာစကားဖြင့် သင်ယူတဲ့ ဥပဒေသင်တန်းအကြောင်းတင်ပြပ့ါမယ်။

◀ VCR ▶
လွန်ခဲ့တဲ့ မတ်လ၆ရက်နေ့က အလုပ်သမားအသုံးပြုခွင့်စနစ်ဖြင့် ၀င်ရောက်လာတဲ့ နီပေါအလုပ်သမားများရဲ့ လူ့အခွင့် အရေးကာကွယ်ရန်နဲ့ အလုပ်ခွင် ခေါင်းပုံဖြတ်ခံရခြင်းမှ ကာကွယ်ရန်အတွက် အီးပီအက်စ်စနစ် အလုပ်သမားဥပဒေဆိုင်ရာ သင်တန်းကို ပြုလုပ်ခဲ့ပါတယ်။ ဆောဒဲမွန်မှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂရုံးခန်းမှာ ကျင်းပခဲ့တဲ့ အဲဒီ သင်တန်းကို နီပေါအလုပ်သမား၃၀၀ခန့်တက်ရောက်ခဲ့ကြပါတယ်။ ဒီသင်တန်းကို ဒီမိုကရက်တစ်အလုပ်သမားသမဂ္ဂ၊နီပေါဂျီဖောန်ဒုအသင်းနဲ့ ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂတို့မှ ပူးတွဲ ကျင်းပခဲ့ကြ တာဖြစ်ပါတယ်။

သင်တန်းကို ကိုရီးယားတွင်း ကွယ်လွန်သွားသူရွှေ့ပြောင်းအလုပ်သမားများအား ဂုဏ်ပြုအလေးပြုခြင်းဖြင့်စတင်ခဲ့ပါတယ်။

◀ SYN ▶
မီရှဲလ် ခါထူးအီရာ ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂခေါင်းဆောင်

ကျနော်တို့တွေ အင်အားရှိဖို့အတွက် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပြီး ဥပဒေကို သိထားရပါမယ်။ဥပဒေကိုသိမှ အင်အားရှိပြီး ကျနော်တို့ရဲ့ အလုပ်သမားအခွင့်အရေးကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒေးဗစ်လိုင်း နီပေါအသင်းဥက္ကဌ

ကိုရီးယားအလုပ်သမားဥပဒေကို မသိလို့ အခက်အခဲတွေ့နေတဲ့သူတွေ အများကြီးရှိပါတယ်။ ဒီနေ့ လေ့လာမှုတွေက တဆင့် အလုပ်သမားအခွင့်အရေးတွေ ခေါင်းပုံဖြတ်မခံရပဲ မိမိတို့ ဘ၀တွေ အဆင်ပြေနိုင်ကြပါစေလို့ ဆုတောင်းပါတယ်။
◀ VCR ▶
တက်ရောက်သူများဟာ အလုပ်သမားဥပဒေကို မသိလို့ အထောက်အထားမဲ့ အလုပ်သမားအဖြစ်ကို ရောက်ရှိသွားကြတဲ့ မိတ်ဆွေတွေရဲ့ အကြောင်းကို သိရှိထားတာကြောင့် သင်တန်းဆရာရဲ့ပို့ချချက်များကို သေချာစွာ မှတ်သားကြပါတယ်။ နီပေါအလုပ်သမားတွေရဲ့ လုပ်ငန်းအခြေအနေတွေက ဆိုးဝါးလှပါတယ်။ အပတ်စဉ် စနေနေ့တိုင်းမှာတောင် ကြားရက်တွေလိုပဲ အလုပ်လုပ်နေကြရတဲ့ သူအရေအတွက်ကို မေးမေးချင်း တက်ရောက်သူဦးရေ ထက်ဝက်ကျော်က လက်ထောင်ကြပါတယ်။
◀ INT ▶
ဂေါရူးနာဂုရုန် ( နီပေါ- နေထိုင်သည့်ကာလ ၈လ)

အလုပ်သမားအသုံးပြုခွင့်စနစ်နဲ့ အလုပ်သမားဥပဒေအကြောင်းကို ဒီကိုရောက်မှ သိရပါတယ်။ ဒါမျိုး ပထမဦးဆုံး ဆိုပေမယ့် အများကြီး လေ့လာသိရှိရပါတယ်။

နီပေါအလုပ်သမား
အလုပ်သမားဥပဒေကိုလေ့လာရပါမယ့် လက်တွေ့နဲ့ ကွာခြားနေပါတယ်။ ဒီမှာပါတဲ့ အချက်အလက်အတိုင်း လုပ်ငန်းခွင်ထဲမှာ ကျင့်သုံးနေခြင်းမရှိပါဘူး။လက်တွေ့ အသုံးပြုစေဖို့ အင်အားတွေလိုအပ်နေပါတယ်။

◀ VCR ▶
ဒီမိုကရက်တစ်အလုပ်သမားသမဂ္ဂမှ ထုတ်ဝေတဲ့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးဆိုင်ရာ စာအုပ်ငယ်ကို ဖြန့်ဝေ တဲ့အခါ အားလုံးက စိတ်ဝင်တစားလက်ခံကြပါတယ်။ အလုပ်သမားအတွက် အရေးအပါဆုံးနဲ့ အလိုအပ်ဆုံးဖြစ်တဲ့ အလုပ်သမားဥပဒေဆိုင်ရာသင်တန်းပေးခြင်းဟာ ရှေ့ကိုလည်း ကျယ်ပြန့်စွာ ပြုလုပ်ဖို့ အထူးလိုအပ်နေပါတယ်။

သတင်း ဒမ်ဘားစူးပါး

တည်းဖြတ် ယန်းဂျဲဟွာ

댓글 없음:

댓글 쓰기