2011년 5월 18일 수요일

အိမ်ထောင်သည်ရွှေ့ပြောင်းသူအမျိုးသမီးများရဲ့ မိခင်ဘာသာစကားဖြင့် ဆောင်းပါးပြိုင်ပွဲ

ဆုမြောင်အမျိုးသမီးတက္ကသိုလ်ရဲ့ အာရှအမျိုးသမီးသုတေသနဌာနက ၀ွဲဟွမ်းဘဏ်ရဲ့ အထောက်အပံ့ဖြင့် အိမ်ထောင်သည် ရွှေ့ပြောင်းသူအမျိုးသမီးများရဲ့ မိခင်ဘာသာစကားဖြင့် ရေးသားတဲ့ “ကျမရဲ့ ကိုရီးယား ဘ၀အတွေ့အကြုံ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးပြိုင်ပွဲကိုပြုလုပ်မှာဖြစ်ပါတယ်။

စိတ်ပါဝင်စားသူများ ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။
ပြိုင်ပွဲဝင်နိုင်သူ။ ။ အိမ်ထောင်သည်ရွှေ့ပြောင်းသူအမျိုးသမီး
                    (အိမ်ထောင်ပြတ်စဲထားသူ၊ ခင်ပွန်းသည်ကွယ်လွန်သူများလည်း ပါဝင်နိုင်ပါသည်။)

ဆောင်းပါးပမာဏ။ ။ အေဖိုး စက္ကူ ၃မျက်နှာအတွင်း

ဆောင်းပါးခေါင်းစဉ်များ။ ။ အောက်ပါ ခေါင်းစဉ် ၄မျိုးအနက် ကြိုက်နှစ်သက်ရာ။

၁) ကျမရဲ့ ကိုရီးယားယဉ်ကျေးမှု အတွေ့အကြုံ
(ယဉ်ကျေးမှု ကွဲပြားခြားနားမှုကြောင့် ဖြစ်ပေါ်ရသည့် အခက်အခဲနှင့် ဖြေရှင်းခဲ့ပုံ အတွေ့အကြုံ စသည်)

၂) ကိုရီးယားတွင်း ကျမရဲ့ စီးပွားရေးလုပ်ငန်းတည်ထောင်မှုအတွေ့အကြုံ
(လုပ်ငန်းတည်ထောင်ခဲ့ပုံ စသည်)

၃) ကိုရီးယားတွင်း ကျမရဲ့ ကလေးပြုစုစောင့်ရှောက်ပုံ အတွေ့အကြုံ
( ရင်သွေးအား ပြုစုပုံ၊ ပညာသင်ကြားပေးပုံစသည်)

၎) ကျမရဲ့ ကိုရီးယားတွင်း ခရီးသွားမှတ်တမ်း
( ခရီးသွားရင်း အမှတ်တရဖြစ်ခဲ့သောနေရာအကြောင်း)

ဘာသာစကား။ ။ မိခင်ဘာသာဖြင့်

ဆောင်းပါးပေးပို့ရမည့်နေ့ရက်။ ။ ၂၀၁၁ခုနှစ် မေလ ၂၃ရက်နေ့မှ ဂျူလိုင် ၈ရက်နေ့ ညနေ၅နာရီ အထိ

ဆုရသူများကြေညာမည့်ရက်။ ။ ၂၀၁၁ခုနှစ် အောက်တိုဘာ ၃၁ရက်

ပထမဆု တစ်ဆု ၀မ် သိန်း ၃၀

ဒုတိယဆု ၂ဆု  ၀မ် ၁၀သိန်း

တတိယဆု ၅ဆု ၀မ် ၇သိန်း

စတုတ္ထဆု ၁၀ဆု ၀မ် ၅သိန်း

ပဉ္စမဆု ၁၅ဆု ၀မ် ၃သိန်း

ပေးပို့ရမည့် မေးလ်လိပ်စာ asianfem@sm.ac.kr

ပေးပို့ရမည့်လိပ်စာ

서울특별시 용산구 갈월동 101- 49 고려에이트리움 204호

숙명여자대학교 아시아여성연구소 (140-809)

သတိပြုရန်

၁) ဆောင်းပါး ပေးပို့သည့်အခါ ပေးပို့သူ အမည်၊ လိပ်စာနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်တို့အား ရေးပေးရန်။

၂) ရွေးခြယ်မခံရသည့်ဆောင်းပါးများအား ပြန်လည်ပေးပို့ပေးမည်မဟုတ်ပါ။

ထပ်မံသိလိုပါက ဖုန်း 02 710 9189။ ဖက်စ် 02 710 9006

Homepage http://asianfem.sookmyung.ac.kr

댓글 없음:

댓글 쓰기