2011년 5월 31일 화요일

ခင်ပွန်းသည်ရိုက်နှက်မှုကြောင့်သေဆုံးသူ ဗီယက်နမ်ရွှေ့ပြောင်းသူအမျိုးသမီးအတွက် ဆုတောင်းပွဲ

လာမည့် ဂျွန် ၂ နေ့လည် ၁နာရီမှာ ကိုရီးယားခင်ပွန်းသည်ရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးသွားသူ ဗီယက် နမ်ရွှေ့ပြောင်းသူအတွက် ဆုတောင်းပွဲကို ကျင်းပမှာဖြစ်ပါတယ်။
ဆိုးလ်မြို့ နိုင်ငံတော်လူ့အခွင့်အ ရေးကော်မရှင် ရုံးရှေ့မှာ ကျင်းပမယ့် အဆိုပါ ဆုတောင်းပွဲကို ဆိုးလ် ရွှေ့ပြောင်း အမျိုးသမီးလူ့အခွင့်အရေးစင်တာမှ ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။ ဆုတောင်းပွဲကို အပိုင်း၂ပိုင်းခွဲကျင်းပမည်ဖြစ်ပြီး ပထမပိုင်းမှာ ကွယ်လွန်သူအမျိုးသမီးဓာတ်ပုံကိုသယ်ယူလာခြင်း၊ ဆုတောင်းခြင်း၊ အမှတ်တရ ရုပ်သံပြသခြင်း၊ ကွယ်လွန်ရခြင်းအကြောင်းရင်းတင်ပြခြင်း၊ ကိုရီးယားနဲ့ ဗီယက်နမ် အိမ်ထောင်စုမှ စကားပြောဆိုခြင်း၊ ရွှေ့ပြောင်းသူအမျိုးသမီးများမှ စကားပြောဆိုခြင်းနဲ့ တက်ရောက် သူများမှ လွမ်းသူပန်းများချိတ်ဆွဲခြင်းတို့ကို ပြုလုပ်မှာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ တက်ရောက်သူများ စုပေါင်းကာ  နိုင်ငံတော်လူ့အခွင့်အရေးကော်မရှင်ရုံးရှေ့မှတဆင့် ဆိုးလ်မြို့တော် ခမ်းမကိုဖြတ်ကာ အိမ်ထောင်သည် အမျိုးသမီးများဌာနချုပ်ရှေ့သို့ ချီတက်ကြမည် ဖြစ်ပါတယ်။
စိတ်ပါဝင်စားသူများအနေနဲ့ ရွှေ့ပြောင်း အမျိုးသမီးလူ့အခွင့်အရေးစင်တာ 02 3672 8988သို့ ဆက် သွယ်နိုင်ပါတယ်။
သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기