ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာဆိုဒ်
2011년 5월 13일 금요일
တရားရေးဌာနမှ ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မီရှဲလ်ကို နေထိုင်ခွင့်ရုပ်သိမ်း ပြီး ပြည်နှင်အမိန့်ချမှတ်
◀ ANC ▶
ဆောအူးလ် လူဝင်မှုကြီးကြပ်ရေးရုံးဟာ ၊ ရွှေ့ပြောင်းအလုပ်သမား သမဂ္ဂဥက္ကဋ္ဌ မီရှဲလ် ခါထုရဲ့ ဗီဇာကို ရုပ်သိမ်းလိုက်ပါတယ် ။ သက်ဆိုင်ရာ အသင်းအဖွဲ့များက ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂခေါင်းဆောင်အား နှိပ်ကွပ်မှုလို့ ဝေဖန် ကန့်ကွက်ကြပါတယ် ။
◀ SYN ▶
(မီရှဲလ် ခါထုအီရာ ၊ ရွှေ့ပြောင်းအလုပက်သမား သမဂ္ဂ ဥက္ကဋ္ဌ)
ကျနော့်ရဲ့ ဗီဇာကို ဖျက်သိမ်းလိုက်တဲ့ အကြောင်းရင်းကတော့ သိသာပါတယ် ။ အဲဒါကတော့ ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂနှိပ်ကွပ်မှုနဲ့ ၊ အလုပ်သမားတွေကို ခြိမ်းခြောက်မှုပဲဖြစ်ပါတယ် ။
◀ VCR ▶
ဆောအူးလ် လူဝင်မှုကြီးကြပ်ရေးရုံးဟာ ၊ လွန်ခဲ့တဲ့ ၁၀ ရက်နေ့က ဥက္ကဋ္ဌ မီရှဲလ်ရဲ့ နေထိုင်ခွင့်ကို ဖျက်သိမ်းလိုက်ပြီး မတ်လ ၇ ရက်နေ့မှာ ကိုရီးယားကနေ ထွက်ခွါဖို့ ပြည်နှင်မိန့်ထုတ်လိုက်ပါတယ် ။
တရားရေး ဝန်ကြီးဌာနဟာ ၊ စစ်တမ်းများအရ မီရှဲလ်ဟာ အယောင်ဆောင်အလုပ်ကို လုပ်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ် ။ နေထိုင်ခွင့်လျှောက်ထားစဉ်က တင်ပြထားတဲ့ လိပ်စာပါ ကုမ္ပဏီက တကယ်မရှိဘဲ ၊ အမှန်တကယ်အလုပ်လုပ်ကိုင်နေခြင်းလည်းမလုပ်ဘူးလို့ ဖော်ပြထားကြောင်း သိရပါတယ် ။
အဖွဲ့အစည်းများကတော့ ရွှေ့ပြောင်းအလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌဟာ ဥပဒေအရ နည်းလမ်းတကျ အလုပ်လုပ်နေပါတယ်လို့ ပြောပါတယ် ။ ဒီလို ပြဿနာရှာရခြင်းအကြောင်းက ရွှေ့ပြောင်းအလုပ်သမား လှုပ်ရှားမှုကို နှိပ်ကွပ်လိုလို့သာ ဖြစ်တယ်လို့ ဝေဖန်ရှုံ့ချကြပါတယ်။
◀ INT ▶
(ဂျန်းဆောယောန်-ရှေ့နေ ၊ ပြည်သူ့အကျိုးပြု ရှေ့နေများအစုအဝေး၊)
ဥက္ကဋ္ဌ မီရှဲလ်ဟာ တရားဝင်အလုပ်လုပ်နေတာဖြစ်ပြီး ၊ ကုမ္ပဏီဘက်ခြမ်းကသာ အခက်အခဲတွေရှိနေတာကြောင့်အလုပ်မလုပ်နိုင်ဖြစ်နေရတာပါ ။ သမဂ္ဂဥက္ကရဲ့ နေထိုင်ခွင့်ကို ရုပ်သိမ်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပြီး ၊ နှိပ်ကွပ်လိုလို့ တမင်ဖန်တီးပြီး ပြဿနာရှာနေတာလို့ မြင်ပါတယ်။
◀ VCR ▶
ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂနှင့် သက်ဆိုင်ရာ အသင်းအဖွဲ့များဟာ ဆောအူးလ် လူဝင်မှုကြီးကြပ်ရေးရုံးရဲ့ အခုလို ဆောင်ရွက်ချက်အပေါ် ဥပဒေအရ တုန့်ပြန် ဆောင်ရွက်ရန်နှင့်အတူ ရွှေ့ပြောင်းအလုပ်သမားများရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ရ န် ရှုထောင့်စုံမှ လှုပ်ရှားသွားကြဖို့ စီစဉ်ထားကြောင်းဆိုပါတယ် ။
ရိုက်ကူး ယန်းဂျဲဟွာ
ဂွါ့ ဆွန်းဟွီး
တည်းဖြတ် ဂျွန်မီရု
라벨:
ကိုရီးယားသတင်း
피드 구독하기:
댓글 (Atom)
댓글 없음:
댓글 쓰기