2011년 5월 10일 화요일

သင်္ဘောတွင်း သန်ရှင်းရေးလုပ်ရင်း မြန်မာအလုပ်သမား အဆိပ်သင့်သေဆုံး

မေလ ၁၀ရက် နံနက်၅နာရီ၊ အူလ်ဆန်မြို့ အရှေ့ ပိုင်း ဘန်အောရှိ ပင်လယ်ကမ်းခြေရှိ ကမ်းဆိုက် ထားတဲ့ ၁၅၉၀တန် ဓာတုပစ္စည်း ရွှေ့ပြောင်းတဲ့ စည်ပိုင်းအတွင်း သန့်ရှင်းရေးလုပ်နေတဲ့ မြန်မာနိုင် ငံသား K(အသက်၂၈)နှစ်ဟာ လဲကျနေတာကို တွ့ရတဲ့အတွက် အတူ အလုပ်လုပ်ကိုင် သူများ က ဆေးရုံ သို့ ပို့ဆောင် ခဲ့သော်လည်း ကွယ်လွန် သွားခဲ့ပါတယ်။

ကမ်းခြေစောင့်ရဲဌာနရဲ့ အဆိုအရ Kဟာ သင်္ဘောရှိ စည်ပိုင်းအတွင်း ၀င်ရောက် သန့်ရှင်းနေစဉ် ဘန်းဂျန်းဟု ခေါ်တဲ့ အဆိပ်သင့် ဓာတ်ငွေ့ကို ရှုမိသဖြင့် သေဆုံးခြင်းဖြစ်ကြောင်းနဲ့ တိကျတဲ့ အချက် အလက် ထပ်မံ ရရှိဖို့အတွက် သင်္ဘောတွင်း အလုပ်သမားများကို ဆက်လက်စစ်ဆေးနေကြောင်း သိရှိရပါတယ်။
သတင်း YTN

댓글 2개:

  1. 안타까운 일이 또 생겼군요. 숨진 분은 노동자인가요?

    답글삭제
  2. 네 버마 이주노동자 입니다.

    답글삭제