
မတ်လ ၂၇ရက်နေ့က ကျင်းပခဲ့တဲ့ လျှာကင်ဆာဝေဒနာရှင် ကိုအောင်နိုင်ဝင်း ဆေးကုသခ ရှာဖွေတဲ့ ရံပုံငွေ လူ့အခွင့်အရေးစတိတ်ရှိုးပွဲမှ ရရှိတဲ့ အလှူငွေ စုစုပေါင်း ၀မ်သိန်း၅၀ကို လွန်ခဲ့တဲ့ ဧပြီ၁၀ရက်နေ့က ကိုအောင်နိုင်ဝင်းတက်ရောက်နေတဲ့ ဆိုးလ် ဂျုန်အင်းဂုလိအွီရိုးဝန်ဆေးရုံသို့ သွားရောက်လှူဒါန်းခဲ့ပါတယ်။
ကိုရီးယားလူမှုအဖွဲ့အစည်းများ၊ တသီးပုဂ္ဂလများနဲ့ ကိုရီးယားရောက်မြန်မာနိုင်ငံသားများရဲ့ စုပေါင်းပံ့ပိုးမှု၊ ကိုရီးယားအနုပညာရှင်များရဲ့ ပူးပေါင်းလှုပ်ရှားမှုတို့ကြောင့် ရံပုံငွေစတိတ်ရှိုးပွဲဟာ မျှော်လင့်ထားတာထက် အောင်မြင်မှုများ ရရှိခဲ့ပါတယ်။
ကိုအောင်နိုင်ဝင်းအတွက် လိုအပ်တဲ့ ဆေးဝါးကုသစရိတ်ကို ထောက်ပံ့နိုင်ရုံသာမက ကိုရီးယားရောက် ရွှေ့ပြောင်း အလုပ်သမားတို့ရဲ့ ဘ၀ အခြေအနေမှန်နဲ့ ဥပဒေပိုင်းဆိုင်ရာ ပြုပြင်သင့်သည်များကို ကိုရီးယားလူထုကြား အနုပညာဖြင့် လှုံ့ဆော်နိုင်ခဲ့တဲ့ အောင်မြင်မှုတရပ်လို့ ခေါ်ဆိုနိုင်ပါတယ်။
ကိုရီးယားနိုင်ငံတွင်း လာရောက်အလုပ်လုပ်ကိုင်နေထိုင်ကြတဲ့ ရွှေ့ပြောင်းသူတို့ရဲ့ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးများ ပိုမို တိုးတက်ကောင်းမွန်လာစေဖို့အတွက် ရွှေ့ပြောင်းသူမြန်မာနိုင်ငံသားအပေါင်းရဲ့ စိတ်ပါဝင်စားမှုနဲ့ တတ်နိုင်သလောက် အတူ ပူးပေါင်းလှုပ်ရှားကြဖို့ တိုက်တွန်းအပ်ပါတယ်။
ရွှေ့ပြောင်းသူတို့ ဘ၀ကို တေးသီချင်းများဖြင့် ဖော်ကြူးတဲ့
Stop Crackdown Band

댓글 없음:
댓글 쓰기