2011년 3월 23일 수요일

ကမ္ဘာ့ လူသားချင်း ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ အထိမ်းအမှတ်နေ့ သတင်းစာရှင်းလင်းပွဲ




“တို့တွေလည်းပဲ အနီရောင်သွေးပိုင်တဲ့ လူတွေဖြစ်တယ်”
ကမ္ဘာ့ လူသားချင်းခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ အထိမ်းအမှတ်နေ့ သတင်းစာရှင်းလင်းပွဲ
၂၀၁၁ခုနှစ် မတ်လ ၂၁

◀ ANC ▶
မတ်လ ၂၁ရက်နေ့ဟာ ကမ္ဘာ့ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ကမ္ဘာ့လူသားချင်း ခွဲခြား ဆက်ဆံမှုပပျောက်ရေးဆိုင်ရာနေ့ဖြစ်ပါတယ်။
ဒါပေမယ့် ကိုရီးယားနိုင်ငံမှာတော့ နိုင်ငံတွင်းနေထိုင်ကြသူ ရွှေ့ပြောင်းသူတွေအပေါ် ခွဲခြားဆက်ဆံခြင်းနဲ့ လူ့အခွင့်အရေးချိုးဖောက်ခြင်းတွေကတော့ အခုထိတိုင် ဆိုးဝါးစွာ ဖြစ်ပွားနေဆဲပါ။
◀ SYN ▶
(ရူနာ-ဘင်္ဂလားဒေရှ့် အိမ်ထောင်သည်ရွှေ့ပြောင်းသူ)
ကျမတို့ ဘာကြောင့် ဒီနေရာမှာ လာရောက်စုဝေးကြရသလဲ၊ အင်မတန်စိတ်ပျက်စရာကောင်းပါတယ်။
အသားအရောင်မတူလို့ ဆင်းရဲတဲ့တိုင်းပြည်ကလာလို့ဆိုတဲ့ ဆက်ဆံမှုတွေကြောင့် နာကျင် ခံစားနေရပြီး အိမ်အပြင်ထွက်ရတာတောင် မ၀ံ့ရဲတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရပါတယ်။
◀ VCR ▶
လူမျိုး၊ တိုင်းပြည်အပေါ်မူတည်ပြီး ခွဲခြားဆက်ဆံခြင်းများ ပပျောက်ရေး သတင်းစာရှင်းလင်းပွဲကို
၂၁ရက်နေ့က နိုင်ငံတော် လူ့အခွင့်အရေးကော်မရှင်ရုံးရှေ့မှာ ကျင်းပခဲ့ပါတယ်။
နိုင်ငံခြားသား အလုပ်သမားလှုပ်ရှားမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကော်မတီနဲ့ ရွှေ့ပြောင်း အလုပ်သ မားရေးရာမဟာမိတ်လှုပ်ရှားမှုအဖွဲ့တို့မှာ ကြီးမှုးပြီး တို့တွေဟာလည်းပဲ အနီ ရောင်သွေးပိုင်ရှင် လူတွေ ဖြစ်တယ်ဆိုတဲ့ အမည်နဲ့ ကိုရီးယားလူမှုအသိုင်းအ၀န်းတွင်း ပျံ့နှံ့နေတဲ့ လူသားချင်းခွဲခြားမှုစနစ်များကို ကန့်ကွက်ရှုံ့ချလိုက်ကြပါတယ်

◀ SYN ▶
(ဂျောင်အွီးဟွန်-ဒီမိုကရက်တစ်အလုပ်သမားသမဂ္ဂဒုဥက္ကဌ)
လူသားချင်းခွဲခြားဆက်ဆံမှုတွေဟာ ကျနော်တို့ တိုင်းပြည်မှာ ပျံ့နှံ့နေတယ်လို့ ယူဆပါတယ်။ အထူးသဖြင့် ဆင်းရဲတဲ့ တိုင်းပြည်ကနေ စားဝတ်နေရေးကြောင့်၊ နိုင်ငံရေးဖိနှိပ်မှုကြောင့် ၀င်ရောက်လာတဲ့ သူတွေအပေါ်မှာ ကိုရီးယားအစိုးရရဲ့ ပြုမူဆက်ဆံမှုတွေဟာ အလွန်ပဲ ဆိုးလွန်းပါတယ်။

◀ VCR ▶
အဖွဲ့အစည်းများက ရွှေ့ပြောင်းအလုပ်သမားများရဲ့ ရပ်တည်နေထိုင်မှုတွေဟာလည်း ခြိမ်းခြောက်ခြင်းကို ခံနေရတဲ့ အနေအထားဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ အစိုးရဟာ အခုထိတိုင် ရွှေ့ပြောင်းအလုပ်သမား သမဂ္ဂကို တရားဝင်ဖွဲ့စည်းခွင့် မပေးပဲရှိနေဆဲပါ။ မကြာမီကလည်း တရားရေးဌာနဟာ ရွှေ့ပြောင်း အလုပ်သမား သမဂ္ဂခေါင်းဆောင်ကို နိုင်ငံမှ ထွက်ခွာမိန့်ထုတ်ပြန်ခဲ့ပါတယ်။

◀ SYN ▶
(မီရှဲလ်-ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂခေါင်းဆောင်)
ကိုရီးယားနိုင်ငံမှာ တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးမှုဟာ ပျောက်ဆုံးသွားပြီလို့ ထင်ပါတယ်။

◀ VCR ▶
တက်ရောက်ကြသူများဟာ ခွဲခြားဆက်ဆံမှုပပျောက်ရေးကို ကြွေးကြော်ကြရင်း တောင်းဆိုချက်များ ရေးသားပြီး ထည့်သွင်းထားတဲ့ ပူပေါင်းများကို ဖောက်ခွဲကြပါတယ်။
ဆက်လက်ပြီး သတင်းစာရှင်းလင်းပွဲအပြီး အထောက်အထားမဲ့ ရွှေ့ပြောင်းသူများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ တောင်းဆိုလွှာကို နိုင်ငံတော်လူ့အခွင့်အရေး ကော်မရှင်ရုံးသို့ ပေးအပ်ခဲ့ကြပါတယ်။

တည်းဖြတ် ယန်းဂျဲဟွာ
သတင်းထောက် ကင်မ်မီဟွီး
နောက်ခံအသံ စိုးမိုးသူ

댓글 없음:

댓글 쓰기