2012년 10월 11일 목요일

"အရောင်ပါတဲ့ အကြည့်တွေကို စွန့်ပစ်ကြစို့" ဆိုတဲ့ ရွှေ့ပြောင်းသူရုပ်ရှင်ပြပွဲ

ရွှေ့ပြောင်းသူအသံလွှင့်ဌာနMWTVမှ နှစ်စဉ် ကျင်းပလာခဲ့တဲ့ ၇ကြိမ်မြောက် ရွှေ့ပြောင်းသူ ရုပ်ရှင်ပွဲ
တော်ကို လာမယ့် စက်တင်ဘာ ၁၃ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ကိုရီးယားတွင်း နေထိုင်သူ ရွှေ့ပြောင်းသူအရေအတွက်က ၁၄သန်းရှိလာတာနဲ့ အမျှ ရွှေ့ပြောင်းသူတို့ အပေါ် ထားရှိကြတဲ့ ကိုရီးယားလူမျိုးတို့ရဲ့ စိတ်နေသဘောထားဟာလည်း စုံလင်လှပါတယ်။

ကိုရီးယားလူမျိုးများအနက် ကမ္ဘာ့ရွာကြီးအဖြစ် လူမျိုး ဘာသာမရွေး အတူတကွ နေထိုင်ခြင်းကို လိုလားကြသူများ ရှိကြသလို၊ နှစ်၅ထောင်လုံးလုံး သွေး တမျိုးတည်းပိုင် လူမျိုးအဖြစ် လက်ခံ လာခဲ့သူများကတော့ နိုင်ငံခြားသားများနှင့် အခုလို ရောစပ်နေထိုင်ခြင်းကို မနှစ်မြို့ကြပါဘူး။

အတူ နေထိုင်၊ မနေထိုင်နိုင်ဆိုတာထက် ပိုဆိုးတာက  ဆင်းရဲသော၊ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံများက နိုင်ငံသား
များဖြစ်လို့ မတူမတန် နှိမ့်ချဆက်ဆံကြသူများပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီတကြိမ် ရုပ်ရှင်ပြပွဲ ခေါင်းစဉ်အဖြစ် "အရောင်ပါတဲ့ အကြည့်တွေကို စွန့်ပစ်ကြစို့" ဆိုပြီး ပေးထားပါတယ်။ အကြည့်တွေကြောင့် ပျော်ရွှင်သွားကြသူတွေ ရှိသလို၊ အကြည့်တွေကြောင့် နာကျင်ခံစားသွားရသူတွေလည်း ရှိကြတယ်။ ယနေ့ ပဒေသာယဉ်ကျေးမှု လူ့ အသိုက်အ၀န်းတွင်း အရောင်ပါတဲ့ အကြည့်တွေကို စွန့်ပယ်ပြီး နားလည်မှုအပြည့်ပါတဲ့ အကြည့်တွေနဲ့ အတူ နေထိုင်ကြစို့ ဆိုတဲ့ နှိုးဆော်မှုနဲ့အတူ အခုလို ခေါင်းစဉ်ကိုပေးထားခြင်းပဲ ဖြစ်ပါတယ်။

ရွှေ့ပြောင်းသူတို့ရဲ့ ဘ၀တွေကို ဖော်ပြထားတဲ့ ရုပ်ရှင်များကို ကြည့်ရှုရန် လာရောက်လိုသူများအနေဖြင့်  အပြာရောင်ရထားလိုင်း ၄ကိုစီးပြီး ဆိုးလ်မြို့ ဟဲဟွာဘူတာအနီး CGV ရုပ်ရှင်ရုံသို့ သွားရောက် ကြည့်ရှုနိုင်ပါတယ်။
ညနေ၆နာရီမှ စတင်ပြီး ရုပ်ရှင်ပြပွဲဖွင့်ပွဲ အခမ်းအနားကို ဖျော်ဖြေမှုများနှင့်အတူ ပြုလုပ်ကာ ရွှေ့ပြောင်းသူ ဆိုင်ရာ ရုပ်ရှင်များကို ပြသပေးသွားမှာ ဖြစ်ပါတယ်။

ပြသမယ့် ရုပ်ရှင်ကားတွေကတော့
  1. 희망을 위해 노래를 부른다- 6’28”( မျှော်လင့်ခြင်း သီချင်း)
  2. 환영합니다 - 18’38”( ကြိုဆိုပါ၏)
  3. 마침내 난 당신을 만났다 - 5’30” (အဆုံးမှာတော့ ကိုယ် မင်းနဲ့ ဆုံတွေ့တယ်)
  4. 외국 6’30”( နိုင်ငံခြား)
  5. 친국네 기숙사 4’40”( သူငယ်ချင်းရဲ့ အလုပ်ရုံတွင်း နေခန်း)
  6. 라이의 바꿔주세요 17’(လိုင်းရဲ့ လဲပေးပါ)
  7. 우리가 원하는 것 62’(ငါတို့လိုချင်တာက)

ဆက်သွယ်ရန်- ၀၁၀-၅၄၇၂-၂၈၂၆
www.mwff.org
www.mwtv.kr

 သတင်းရေး-  စိုးမိုးသူ

댓글 없음:

댓글 쓰기