2012년 5월 6일 일요일

ရထားအတွင်း ကိုယ်လုံးချွတ် အမျိုးသမီး



မေ ၅ရက်နေ့ ညနေ၆နာရီခန့်က ဆိုးလ် မြေအောက်ရထားလိုင်း အမှတ် ၁ ရထားအတွင်း အသက် ၄၀ခန့်ရှိ အမည်မသိ အမျိုးသမီးတယောက်ဟာ ကိုယ်တွင်ဝတ်ဆင်ထားတဲ့ အ၀တ်အစားများကို ချွတ်ပြီး ရထားစီးသူများအား ဆဲဆိုခြင်းပြုလုပ်ခဲ့ပါတယ်။

တနာရီခန့် အကြာတွင် ရထားစောင့်ရဲများရောက်ရှိလာပြီး သူမကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ရ
ထားဘူတာ အနီး ရဲဌာနသို့ ခေါ်ဆောင်သွားစဉ် သူမဟာ အသက်ရှူကြပ်ခြင်း ဝေဒနာကို ခံစားလာတာ
ကြောင့် အနီးရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။

သက်ဆိုင်ရာ ရဲအရာရှိရဲ့ အဆိုအရ သူမဟာ အလွန်အမင်း အရက်မူးနေပြီး အသိမဲ့နေတာကြောင့် သူမရဲ့
ဒီလို လုပ်ရပ်အပေါ် တစုံတရာ ပြစ်ဒဏ်ပေးခြင်း မပြုပဲ ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရပါတယ်။
အရက်မူးပြီး မဖွယ်မရာ ပြုလုပ်ခဲ့တဲ့ သူမအား အပြစ်ဒဏ် မပေးခြင်း အပေါ် မကျေမနပ်ဖြစ်ကြတဲ့ ပြည်သူ
များကလည်း ရှိနေကြကြောင်း သိရှိရပါတယ်။

အရင်ကလည်း ဆိုးလ် မြေအောက်ရထား အတွင်း သက်ကြီးရွယ်အိုများကို ရိုင်းစိုင်းစွာ ပြောဆိုသော အမျိုး
သမီးငယ်၊ ရထားအတွင်း ဆေးလိပ်၊ဘီယာသောက်သုံးတဲ့ အမျိုးသမီး စသဖြင့် ဖြစ်ပွားခဲ့ပါတယ်။

이와 관련 경찰 관계자는 이 여성의 처벌에 해대 "술에 취한데다 정신이 온전치 않은 상태라 별다른 처벌을 내리지 않았다"고 밝혔다.

댓글 없음:

댓글 쓰기