လိမ်နည်းအမျိုးမျိုးနဲ့ လိမ်ခဲ့ကောက်ခဲ့တဲ့ ဇေကမ္ဘာကုမ္ပဏီနဲ့ ရွှေနံ့သာလယ်သမားအရေးကို ရှေးရှု ပြောဆိုလိုပါတယ်။ အစမှာ ကျေးရွာအုပ်ချုပ်ရေးနဲ့ ဇေကမ္ဘာကုမ္ပဏီပူးပေါင်းပြီး လယ်သမားတွေကို ခေါင်းစဉ်မရှိတဲ့ စာရွက်ပေါ်မှာလက်မှတ် ထိုးခိုင်းတယ်။ လယ်သမားတွေက အကြိမ်ကြိမ်ငြင်းဆိုခဲ့တယ်။ အဲဒီနောက် ဦးခင်ရွှေက နိုင်ငံတော်သိမ်းတာ ငါသိမ်းတာ မဟုတ်ဘူး။ မင်းတို့ကို နိုင်ငံတော်က သိမ်းရင် တပြားမှ ရမှာမဟုတ်ဘူး။ မင်းတို့ကို ကိုယ့်လူမျိုးချင်း စာနာသောအားဖြင့် ကရုဏာကြေးပေးမှာလို့ ပြောပြီး စည်းရုံးသိမ်းသွင်းတယ်။ အဲဒီနောက် ၅၀၀၀၀ ကနေ လယ်သမားတွေ လက်မခံ လက်ခံ အောင် ၃၀၀၀၀၀ အထိ တိုးပေးပြီး လယ်သမားတွေက လယ်မလုပ်ချင်တော့လို့ လယ်အပ်တဲ့သဘောမျိုးဖြစ်အောင် အုပ် ချုပ်ရေးနဲ့ ဦးခင်ရွှေ ပူးပေါင်းကြံစည်ခဲ့ခြင်းက အစိုးရကို ခုတုံးလုပ်တဲ့ ပထမဆုံး ဥပဒေမဲ့ လုပ်ရပ်ဖြစ်ကြောင်း သိသာစေပါ တယ်။
အဲဒီနောက် လယ်သမားတွေကို လယ်ပြန်စိုက်ခွင့်ပြုတယ်။ သီးစားပြေစာအတွက်တော့ ဘယ်သူ့လက် အပ်လိုက်တယ် ဆိုတာ လယ်သမားတွေက နားစွန်နားဖျား ဇေကမ္ဘာကို ပေးလိုက်တယ်ဆိုတာလောက်ပဲ သိပါတယ်။ လယ်သမားတွေ စပါးသိမ်းနေချိန်မှာပဲ ၂၀၁၁ ခုနှစ်ထဲမှာ လယ်ကန်သင်းတွေဖျက်တယ်။ နွေစပါး စိုက်လို့မရအောင် ရေမြောင်းတွေ ပိတ် ပစ်တယ်။ လယ်တွေကို အပြောင်ရှင်းတယ်။ မြေတွေကိုလည်း ရောင်းချထားပြီးဖြစ်ကြောင်း လယ်မြေတွေပေါ်မှာ ဘယ် က ဘယ်သူမှန်းမသိတဲ့ လူတွေ နာမည်တွေ လာတပ်ထားပါတယ်။ ဒီကြားထဲမှာ လယ်သမားတွေဟာ လယ်လုပ်ခွင့်ရဖို့ အမျိုးမျိုးကြိုးစားလာတာကြောင့်
လယ်သမားတွေက လယ်ပြန်လုပ်ဖို့ နွားချေးမြေသြဇာတွေချနေတဲ့အချိန
တားမြစ်စာတွေပို့ပြီး ဇေကမ္ဘာကုမ္ပဏီကို လယ်ကန်သင်းတွေမဖျက်ဖို့၊ လယ်သမားတွေကိုလည်း လယ်မလုပ်သေးဖို့ အ ငြင်းပွားနေဆဲဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးကစာတွေပို့တယ်။
လယ်သမားတွေဟာ မထူးဇာတ်တော့ မဟုတ်ဘူး။ ဘယ်လို အခင်းအကျင်းဖြစ်လာမလဲဆိုတာ သိချင်လို့ လယ်ထွန် တော့မယ်လို့ သတင်းလွှင့်လိုက်တယ်။ နောက်နေ့ တကယ်လယ်ထွန်ဖို့ လယ်ထွန်စက်ကြီးတွေ ပြင်ဆင်ကြတယ်။ မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနဲ့ ကျေးရွာ အုပ်ချုပ်ရေါ်မှူး ဦးထွန်းထွန်းဦးတို့ ကိုယ်တိုင်ရောက်လာပြီး တားကြတယ်။ လယ်သမားတွေက ဥပဒေကို မလေးစားလို့၊ အုပ်ချုပ်ရေးကို မလေးစားလို့လုပ်တာ မဟုတ်ပါဘူး။ ဥပဒေနဲ့ အုပ်ချုပ်ရေး ကို ဘယ်သူတွေ ပေါ်ပေါ်လွင်လွင် ချိုးဖောက်နေလဲဆိုတာ သိချင်လို့ လယ်ထွန်စက်ကြီးနဲ့ ဟန်ရေးပြလိုက်တာပါ။ လယ်သမားတွေကို လာတားတော့ ဇေကမ္ဘာကိုလည်း သွားတားကြည့်ပါအုံးလို့ ပြောလိုက်တယ်။ အုပ်ချုပ်ရေးမှူးကြီးတွေ သွားတားတယ်။ မြင့်ဇော်က မကောင်းတတ်လို့ အားနာသမှုနဲ့ ခဏရပ်ပေးလိုက်တယ်။ အဲဒီ ညနေမှာပဲ ဖျက်စီးရေးကို ဆက်လုပ်တယ်။ နောက်နေ့လည်း ဆက်လုပ်တယ်။ မီဒီယာတွေရဲ့အမေးကို တပတ်အတွင်း အဖြေသိပါလိမ့်မယ်။ ဖြေ စရာစကားမရှိဘူးလို့ မာမာတင်းတင်းပဲ ပြောတယ်။
လယ်သမားတွေက သီးစားလုပ်ကိုင်ခွင့်ကို လျှောက်ထားပြီးဖြစ်နေပြီ။ ဇေကမ္ဘာကုမ္ပဏီက နောက်မှသွားပြီး သီးစားလုပ် ကိုင်ခွင့် လျှောက်တယ်။ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအရ လယ်သမားတွေဟာ လက်ငုတ်လုပ်ကိုင်သူတွေဖြစ်လို့ ဒီကိစ္စမှာ တော့ ဥပဒေအရဆိုရင် လယ်သမားတွေ အောင်ပွဲခံလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။
အငြင်းပွားနေတဲ့ ကိစ္စအတွက် သက်ဆိုင်ရာက ဘယ်သူ့ဘယ်သူမှ ခေါ်ယူညှိနှိုင်းခြင်းမရှိဘဲ လယ်ယာမြေတွေကို ဟော ဒီနေ့ (၂၆.၅.၂၀၁၂) ရက်နေ့မှာပဲ ဇေကမ္ဘာကို ဆက်လက်လုပ်ကိုင်ခွင့် ပြုလိုက်ြေ
ဥပဒေကို လက်တလုံးကြားလိမ်တာသည် အစိုးရအဖွဲ့ဖြစ်ပြီး လယ်သမားတွေဘက်က ဥပဒေအရ အကာအကွယ်ယူလို့ မရတော့တဲ့အခါမှာ လယ်သမာတွေက အရိုးကျေကျေ အရေခန်းခန်း တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဆက်လက်ပြီး တော့လည်း ဥပဒေကြောင်းအရ ဦးခင်ရွှေကို ဖိုးတွမ်တီးနဲ့ စွဲချက်တင်ပါမယ်။ ငွေကုန်ကြေးကျ မတတ်နိုင်လို့ နောက်ဆုံး လုပ်စရာက ဆန္ဒပြဖို့ပဲ ဖြစ်ပါတယ်။ ဥပဒေမဲ့ နိုင်ငံတော်မှာ ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ ပြည်သူ့အသံကို စောင့် မျှော်နေတဲ့ လူလိမ်အသိုင်းအ၀ိုင်းထဲက လွှတ်တော်ကိုယ်စားလှယ်ကြီးများကိ
နောက်ဆုံအနေနဲ့တော့ လူပါးဝ သူက ဦးခင်ရွှေ ဆိုတဲ့ လွှတ်တော်အမတ်ကြီးပါ။ ဥပဒေမဲ့ ဘက်လိုက်ဆုံးဖြတ်တာက ရန်ကုန်တိုင်း အစိုးရအဖွဲ့ပါ။ ခံနေရတာတော့ လယ်သမားတွေပါ။ အဲဒီအရေးအတွက် ပြည်သူ့အကျိုးလိုလားသူ ပူးပေါင်း ကူညီချင်သူ နိုင်ငံရေး အင်အားစုများနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းများက ၀ိုင်းဝန်းကူညီကြပါရန် မတရားမှုတွေကို ပြည် သူများ ခံနေရတုန်းဖြစ်ကြောင်း တင်ပြရင်း နိဂုန်းချုပ်ပါတယ်။ ငြိမ်းချမ်းစွာနေတဲ့ ပြည်သူကို ဆူပူအောင်ဖန်တီးနေတာ အစိုးရနှင့် ခရိုနီအုပ်စုဖြစ်ကြောင်း နိုင်ငံတော် ရှေ့ဆက်သွားခြင်း မသွားခြင်းတွင် အလျဉ်းမသက်ဆိုင်ဘဲ မတရားမှုသည် မတရားမှုသာဖြစ်လို့ လူလိမ်လူညာများကို ပြည်သူအင်အားနဲ့ ၀ိုင်းဝန်းတိုက်ဖျက်ကြပါစို့။
နောင်တော်လေး (Naung Taw Lay)
댓글 없음:
댓글 쓰기