2012년 3월 19일 월요일

ထားဝယ်ဖက်မှာ ကြိုတင်မဲ အဓမ္မထည့်ခိုင်းနေ


2012-03-18

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ လောင်းလုံမြို့ နယ်မှာ ကြံ့ခိုင်ရေးပါတီက ဌာနဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေနဲ့  ပူးပေါင်းပြီး ဒေသခံတွေနဲ့  ၀န်ထမ်းတွေဆီက ကြိုတင်မဲတွေ အဓမ္မကောက်ယူနေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

Dawei MyoDaw Facebook Page

ဇန်န၀ါရီလ ၂၉ ရက်နေ့က တနင်္သာရီတိုင်း ထားဝယ်မြို့ခရီးစဉ်အတွင်း ထားဝယ်မြို့ခံ ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေပုံ။


ပြီးခဲ့ တဲ့  ၁၇ ရက်နေ့က လောင်းလုံပညာရေးရေးမှုးရုံးကို ထားဝယ်မှာ သင်တန်းတက်ရမယ့် ဆရာဆရာမ ၇၀ ခန့်ကို သင်တန်းတက်ရမယ့် ရက်ရွှေ့ဆိုင်းပြီး ကြိုတင်မဲထည့်ခိုင်းတယ်လို့  လောင်လုံမြို့  နယ် NLD
အောင်နိုင်ရေး အဖွဲ့ ဝင် ကိုဇော်ကြီးက ပြောပါတယ်။
အလားတူပဲ ဒီလ ၁၅ ရက်နေ့ ကလဲ ထားဝယ်ပညာရေး ကောလိပ် ပထမ နဲ့ ဒုတိယနှစ် ကျောင်းသူ ကျောင်းသား
တွေ ကို လောင်းလုံ ဒေသခံရော ဒေသခံမဟုတ်သူတွေရော အားလုံးကို ကြိုတင်မဲ အဓမ္မ ထည့်ခိုင်းတာ ၊ ကဒက်ကြီး ရွာလဲ မဲရုံမှုးလုပ်မဲ့  ကျောင်း အုပ်ဆရာမကြီး ဒေါ်ကေသီက ကြံ့ခိုင်ရေးပါတီကို မဲ ထဲ့ရမယ်လို့  ခြိမ်း
ချောက် ပြောဆိုတာတွေရှိတယ်လို့  ဒေသခံ တဦး က ပြောပါတယ် ။
အခုလို လောင်းလုံမြို့ နယ်မှာ ကြံ့ခိုင်ရေးပါတီက ကြိုတင်မဲ အဓမ္မထည့်ခိုင်းနေတဲ့ ကိစ္စတွေနဲ့  ပတ်သက်ပြီး
လောင်း လုံ NLD အဖွဲ့  က အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ထံကို အကြောင်းကြားထား တယ်လို့  သိရပါတယ်။

댓글 없음:

댓글 쓰기