2012ခုနှစ်အတွင်း ကိုရီးယားကို နိုင်ငံခြားသားအလုပ်သမားဦးရေ စုစုပေါင်း ၅သောင်း၇ထောင်
ခေါ်ယူလိမ့်မှာ ဖြစ်ပြီး အဲဒီ အရေအတွက်ဟာ ယခုနှစ်အတွင်း ခေါ်ယူခဲ့တဲ့ အရေအတွက်နဲ့ ထပ်တူဖြစ်ကြောင်း သိရှိရပါတယ်။
ကိုရီးယားအစိုးရဟာ လွန်ခဲ့တဲ့ ဒီဇင်ဘာ၂၉ရက်နေ့က နိုင်ငံခြားသားအလုပ်သမားစွမ်းအင် တင်သွင်းခြင်း ဆိုင်ရာပေါ်လစီ အစည်းအဝေးကို ကျင်းပခဲ့ကာ အထက်ပါအကြောင်းအရာပါ ၂၀၁၂ခုနှစ် နိုင်ငံခြားသား အလုပ်သမားစွမ်းအင်တင်သွင်းရေး အစီအစဉ်ကို အတည်ပြုခဲ့ပါတယ်။
အဆိုပါ အလုပ်သမားများဟာ ကိုရီးယားနိုင်ငံရဲ့ စက်မှုလုပ်ငန်း၊ လယ်ယာနဲ့ ငါးဖမ်းလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်ကြရမှာဖြစ်ပါတယ်။ တင်သွင်းမယ့် အလုပ်သမား၅သောင်း၇ထောင်ကို စက်မှုလုပ်ငန်းတွင် ၄သောင်း၉ထောင်၊ လယ်ယာလုပ်ငန်းတွင် ၄၅၀၀၊ ငါးဖမ်းလုပ်ငန်းတွင် ၁၇၅၀နဲ့ ဆောက်လုပ်ရေးလုပ်ငန်း တွင် ၁၆၀၀၊ ၀န်ဆောင်မှုလုပ်ငန်းတွင် ၁၅၀ စသဖြင့် ခွဲဝေပြီး အလုပ်ခန့်သွားမှာဖြစ်ပါတယ်။
댓글 없음:
댓글 쓰기