2011년 12월 13일 화요일

ခိုလှုံသူများ ဆေးဝါးကုသခ ကုန်ကျမှုများကို ပြန်လည် တောင်းခံနိုင်

တရားရေးဝန်ကြီးဌာန ခိုလှုံသူများစင်တာက ခိုလှုံသူများ ထံ ဆေးဝါးကုသခများကို ပြန်လည်ပေးတဲ့ စနစ်ကို ကျင့်သုံးလိုက်ပါပြီ။
အဆိုပါစနစ်အရ ကိုရီးယားတွင်း G1, F2 ဗီစာကို ကိုင်ဆောင်ထားတဲ့ ခိုလှုံသူအဖြစ် အသိအမှတ်ပြုခံရသူ၊ လူသားချင်း စာနာခွင့်ဖြင့် နေထိုင်သူ၊ ခိုလှုံသူအဖြစ်
လျှောက်ထားသူများဟာ ယခုနှစ် ၂၀၁၁ ဂျန်န၀ါရီလ ၁ရက်နေ့က စတင်ပြီး လက်ရှိအထိ ကုန်ကျခဲ့တဲ့
ဆေးဖိုးဝါးခများကို တရားရေးဝန်ကြီး ဌာနထံမှ
တောင်းယူ နိုင်မှာဖြစ်ပါတယ်။

ဆေးဝါးခတောင်းခံလိုသူအနေနဲ့ ၂၀၁၁၊ ၁လ၊ ၁ရက်နေ့မှ လက်ရှိအထိ ဆေးကုသခဲ့တဲ့
ဆေးမှတ်တမ်း၊ ပြေစာများ၊ မိမိ သို့မဟုတ် အိမ်ထောင်ဘက်ရဲ့ ဘဏ်စာအုပ်မိတ္တူ၊ ဆေးကုသခံ ပြန်လည်
တောင်းခံလွှာ စတာတွေကို ဆိုးလ် လူဝင်မှု ကြီးကြပ်ရေးဌာန ခိုလှုံသူစင်တာရုံးခန်းထံ ယခုလ ၁၆ရက်နေ့ အထိ တင်ပြ တောင်းဆိုနိုင်ပါတယ်။

ဒါပေမယ့် တောင်းဆိုသူတိုင်း ကုသခကို ရရှိမှာတော့ မဟုတ်ပါ။ တင်ပြတောင်းဆိုသူများရဲ့ အထောက်အ ထားများကို ခိုလှုံသူစင်တာက စစ်ဆေးပြီး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဆေးဝါးကုသခပြန်လည်တောင်းခံခြင်းနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ဆိုးလ် လူဝင်မှုကြီးကြပ်ရေးဌာန ခိုလှုံသူစင်တာရုံး 02-2650-6329 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

댓글 없음:

댓글 쓰기