2011년 11월 19일 토요일

(ရွေးခြယ်ပြိုင်ပွဲ) နိုင်ငံပေါင်းစုံ ဂီတအနုပညာအဖွဲ့မှ အဖွဲ့ဝင်သစ်များကို ကြိုဆိုနေပါတယ်


နိုင်ငံပေါင်းစုံ ဂီတအနုပညာအဖွဲ့ MONTAN မှ အဖွဲ့ဝင်သစ်များကို ကြိုဆိုနေပါတယ်





 ကိုရီးယားနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ဌာနနဲ့ Social enterprise Noridanတို့က ပူးပေါင်း ဖွဲ့စည်းထားတဲ့ ပဒေသာယဉ်ကျေးမှု အနုပညာအဖွဲ့ "Montant"  မုံတန်းမှ အတူတကွ အနုပညာလှုပ်ရှားမှုများကို ပြုလုပ်လို တဲ့ ညီအကိုမောင်နှမများကို ဖိတ်ခေါ်လိုက်ပါတယ်။

"MONTANT"ဆိုတာ နိုင်ငံတကာမှ လူမျိုးများက အတူတကွ စုဝေးကာ နိုင်ငံတကာမှ တေးသီချင်းများ၊ ယဉ်ကျေးမှုများကို တနေရာထဲမှာ စုစည်းပြီး ဖျော်ဖြေတင်ဆက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။
ရွေးခြယ်ခံရတဲ့ အဖွဲ့ဝင်ဟာ အစမ်းခန့်ကာလ၄လပြီးဆုံးပြီးနောက် အဖွဲ့ဝင် အတည်ဖြစ်မှာဖြစ်ပါတယ်။



 ၁။ ပါဝင်နိုင်သူများ
- အသက်၂၀အထက် ကိုရီးယားတွင်း၊ ပြည်ပခရီး လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်သူ
- သီချင်းဆို၊ လှုပ်ရှားမှု အတွေ့အကြုံ ရှိထားသူ
- တူရိယာပစ္စည်း တီးတတ်သူ၊ သရုပ်ဆောင်တတ်သူ၊ အကတတ်သူ၊ တေးစပ်တတ်သူ စတဲ့ အရည်အချင်းများကို ပိုင်ဆိုင်ထားသူ
- မတူကွဲပြားတဲ့ လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာစကားကို အသုံးပြုပြီး ဆွဲဆောင်ဖွယ်ရှိတဲ့၊ သစ်လွင်တဲ့ အနုပညာလက်ရာကို တီထွင်ဖန်တီးလိုသူ
# အထက်ပါ အရည်အသွေးရှိသည့် မည်သူမဆို(လူမျိုး၊ဘာသာ၊ပညာအရည်အချင်း မလို) ပါဝင်ရွေးခြယ် ခံနိုင်ပါတယ်။

 ၂။ ရွေးခြယ်ပုံ အဆင့်ဆင့်(၄ဆင့်)
- ပထမအဆင့် လျှောက်လွှာတင်ခြင်း  ၁၁လ ၁၈ရက်မှ ၂၈ရက်နေ့ ည၈နာရီ အထိ

- ဒုတိယအဆင့် လူကိုယ်တိုင်ပါဝင်ယှဉ်ပြိုင်ခြင်း  ၁၂လ ၄ရက် တနင်္ဂနွေနေ့ ညနေ၄နာရီ အင်ချွန်းအာတ် ပလက်ဖောင်း ဇာတ်ရုံအတွင်း

- တတိယအဆင့် တဦးချင်းတွေ့ဆုံ အင်တာဗျူး

- နောက်ဆုံးအဆင့် ရွေးခြယ်ခံရသူထံ တိုက်ရိုက်ဆက်သွယ်ပြီး အသိပေးခြင်း

ပထမအဆင့် လျှောက်လွှာတင်သူများအနက် ရွေးခြယ်ခံရသူ လျှောက်လွှာရှင်များသည်သာ
ဒုတိယအဆင့် လူကိုယ်တိုင်ပါဝင်ယှဉ်ပြိုင်ပွဲတွင် တက်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပါတယ်။
ဒုတိယအဆင့် ယှဉ်ပြိုင်ပွဲတွင် ရွေးခြယ်ခံရသူများသာ
တတိယအဆင့် အင်တာဗျူးတွင် တက်ရောက်နိုင်မည်ဖြစ်ပြီး
အင်တာဗျူးအောင်မြင်သူသည် ရွေးခြယ်ခံရတဲ့ အဖွဲ့ဝင်အသစ် ဖြစ်ပါတယ်။

 ၃။ လျှောက်လွှာတင်နည်း
-အောက်ပါ လင့်ခ်ကိုနှိပ်ကာ လျှောက်လွှာကို ဒေါင်းလုပ်လုပ်ပြီး ဖြည့်စွက်ကာ အီးမေးလ်သို့ ပေးပို့ လျှောက်ထားနိုင်ပါတယ်။



အီးမေးလ်လိပ်စာ : iiachorus@noridan.org 


 We are differente and We are same.
MONTANT
 
Sing a song group with Incheon Airport






댓글 없음:

댓글 쓰기