2011년 11월 15일 화요일

အတင်းအကြပ်ဖမ်းဆီးမှုကြောင့် တရုတ် ရွှေ့ပြောင်းအလုပ်သမားသေဆုံး


နိုဝင်ဘာ ၈ရက်၊ ဂယောင်ဂီဒို ကင်ပိုမြို့တွင် ဆိုးလ် လ၀က ၀န်ထမ်းတို့ရဲ့  အထောက်အထားမဲ့ ရွှေ့ပြောင်း အလုပ်သမားများကို အတင်းအကြပ်ဖမ်းဆီးပြန်ပို့တဲ့ လုပ်ရပ်ကြောင့် တရုတ်လူမျိုး အလုပ်သမား တဦး  နှလုံး ခုန်နှုန်းရပ်တန့်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။

သူဟာ လ၀က၀န်ထမ်းတွေရဲ့ အတင်းအကြပ်ဖမ်းဆီးမှုမှ လွတ်မြောက်ရန်အတွက် အားကုန် ထွက်ပြေးခဲ့ 
ပေမယ့်လည်း သိပ်မကြာမီမှာ ဖမ်းမိခံလိုက်ရပါတယ်။ လ၀ကကားပေါ်တွင် လက်ထိပ်ကြိုးတန်းလန်း နဲ့အတူ ဖမ်းဆီးခေါ်ဆောင် ခြင်းခံခဲ့ရတဲ့ သူဟာ ဆိုးလ၀ကရုံးသို့ မရောက်မီ ညနေ ၇နာရီ ၄၀မိနစ်ခန့်မှာ အသက်ရှုကြပ်လာတာကြောင့် ဆေးရုံကို ပို့ပေးဖို့ တောင်းဆိုရင်း လ၀ကကားပေါ်မှာပဲ သေဆုံးသွားခဲ့ပါ တယ်။
လွန်ခဲ့တဲ့ ၂၀၀၈ခုနှစ် ၉လပိုင်းကလည်း မြန်မာနိုင်ငံသား ကိုသာစိုးအေးဟာလည်း အလားတူ ဖြစ်ရပ်ဖြင့် ကွယ်လွန်သွားခဲ့ရတဲ့ ဖြစ်ရပ်ရှိခဲ့ပါတယ်။
လူ့အခွင့်အရေးကို လေးစားသူ အဖွဲ့အစည်းများဟာ လာမယ့် နိုဝင်ဘာ ၁၆ရက်  နေ့လယ် ၂နာရီ မှာ ဆိုးလ်လ၀ကရုံးရှေ့မှာ အဆိုပါဖြစ်ရပ်အပေါ် တာဝန်ယူဖြေရှင်းပေးရန်နဲ့ အတင်းအကြပ်ဖမ်းဆီးနေခြင်းကို ချက်ချင်း ရပ်တန့်ဖို့ သတင်း စာရှင်းလင်းပွဲ၊ ဆန္ဒပြပွဲကို ကျင်းပဖို့ စီစဉ်နေပါတယ်။
သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기