2011년 10월 15일 토요일

ရွှေ့ပြောင်းသူတဦး ယော်ဆူးလ၀ကရုံးပေါ်မှ ခုန်ချသတ်သေရန် ကြိုးစားခဲ့

ယော်ဆူး လ၀ကရုံး၌ ရွှေ့ပြောင်းအလုပ်သမားတဦး ခုန်ချပြီး သေကြောင်းကြံခဲ့တဲ့ကိစ္စနဲ့ပတ်သတ်ပြီး
ရွှေ့ပြောင်းအလုပ်သမားလှုပ်ရှားမှုပူးပေါင်းဆောင်ရွက်ရေးကော်မတီက တရားရေးဝန်ကြီးဌာနအောက် ယော်ဆူးလ၀ကရုံးကို ထုတ်ပြန်ချက် ထုတ်ပြန်ကာ ပြစ်တင်ရှုံ့ချလိုက်ပါတယ်။

ကော်မတီရဲ့ ထုတ်ပြန်စာတွင် လ၀ကရုံးအမှုထမ်းရဲ့ ရိုင်းပြလွန်းတဲ့ အပြုအမူကြောင့် ခုန်ချပြီး သေကြောင်း ကြံဖို့မှ တပါး အခြားမရှိခဲ့တာဖြစ်ကြောင်း ပါရှိပါတယ်။
ဒါ့အပြင် ကော်မတီက ယော်ဆူးလ၀ကဌာနအနေနဲ့ ခုန်ချမှုကြောင့် ပြင်းစွာ ဒဏ်ရာရရှိခဲ့သူ ရွှေ့ပြောင်းအ လုပ်သမားကို ထိရောက်တဲ့ ဆေးဝါးကုသပေးမှုအား အဆုံးအထိ တာဝန်ယူရန်တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် လ၀ကရုံးဘက်ကမူ မိမိတို့ဘက်မှ ရိုင်းပြတဲ့ ဆက်ဆံမှုကို လုံးဝ မပြုလုပ်ခဲ့ကြောင်းငြင်းဆိုလိုက် ပါတယ်။ လ၀ကအနေနဲ့ ခုန်ချတဲ့ နေ့မတိုင်မီ ၆ရက်အလိုက နေထိုင်ခွင့်ကာလ တလနောက်ကျပြီး ရနိုင် ကြောင်းကို အသိပေးခဲ့ကာ တာဝန်ခံမည့်သူကို ခေါ်ဆောင်လာခဲ့ရန် စတဲ့ လုံလောက်တဲ့ ရှင်းပြမှုကို ပြုလုပ် ခဲ့ပေမယ့်လည်း ဖြစ်သမျှပြဿနာမှန်သမျှ လ၀ကကိုပဲ အပြစ်တင်တာကို စိတ်မသက်သာဖြစ်ရကြောင်း တုံ့ ပြန်ပါတယ်။
မောရောကိုဖွား ရွှေ့ပြောင်းအမျိုးသမီးတဦးဟာ ယခုလ ၇ရက်နေ့က နေထိုင်ခွင့်သက်တန်းတိုးမြင့်ပေးရန် တောင်းဆိုဖို့ ယော်ဆူးလ၀ကရုံးသို့ လာရောက်ခဲ့ပြီးနောက် ရုံးရဲ့ ၂ထပ်မှနေ အောက်သို့ခုန်ချခဲ့သဖြင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိကာ ဆေးဝါးကုသမှုကို ခံယူလျှက်ရှိနေပါတယ်။
သတင်း    စိုးမိုးသူ

댓글 없음:

댓글 쓰기