2011년 8월 9일 화요일

(တေးဂီတ ကဏ္ဍ) သွေးသစ္စာ

၂၃နှစ်ပြည့် ၈လေးလုံး ပြည်သူ့ ဒီမိုကရေစီ တိုက်ပွဲ အရေးတော်ပုံကြီး အမှတ်တရအဖြစ်
ကွယ်လွန်သူ ဂီတပညာရှင် ဦးထူးအိမ်သင်ရေးစပ်ပြီး အဆိုတော် ကိုမွန်းအောင် သီဆို
သမိုင်းတင်ခဲ့တဲ့ သွေးသစ္စာ သီချင်းကို တင်ဆက်လိုက်ပါတယ်။



သီချင်းစာသား

အရေးကြီးပြီ ညီနောင်အပေါင်းတို့သွေးစည်းကာ ညီစေညီကြစို့
ငါတို့ရဲ့သမိုင်းတစ်ခေတ်ကို ငါတို့သွေးနဲ့ရေးခဲ့ပြီ
သွေး .. သစ္စာလည်းပြုခဲ့သည်။

နိုင်ငံတော်အတွက်ဆို အသက်ကိုလည်းဘာမထီ
သေပါစေ ခွပ်ဒေါင်းသွေးနဲ့ ရဲရဲရှေ့ကိုချီ
လွတ်လပ်ခွင့်နဲ့ငြိမ်းချမ်းရေးအတွက်ရည်
အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည်။

댓글 없음:

댓글 쓰기